အပိုင်း(၅)
16 2 0
"​ဘာ​တွေလုပ်​​နေလို့ ဒီ​လောက်​​တောင်
နောက်​ကျ​နေတာလဲကွာ..
ငါမင်းကို ​စောင့်​​နေတာ နာရီဝက်​​လောက်​ရှိပြီ.."
မြတ်​မှူးဟန်​  ဟန်​​ပြောတဲ့ အတိုင်း
တစ်​လမ်း​ကျော်​က ဟန်​တို့ လမ်းထိပ်​သွား​ခေါ်​တော့ ကိုယ်​​တော်​​ချောက
လက်​နှစ်​ဖက်​ကို ​ဘောင်းဘီ အိတ်​ကပ်​ထဲ
လျှိုထားကာ မျက်​​မှောင်​ကြုတ်​ ကြီးဖြင့်
ခရီးဦးကြို​နေပါသည်​။
"ဟီး..ငါ​နောက်​ကျ သွားတာလား..
ဆောရီး.."
"..​ဆောရီး လုပ်​မ​နေနဲ့  ..ဆင်း
ဆိုင်​ကယ်​​ပေါ်က..ငါ​မောင်းမယ်​.."
"ဟင်​..ဘာလို့ လဲ..ငါ​မောင်းတာကို
မယုံလို့ လား..ငါဒီ​လောက်​​တော့
မောင်းတတ်​ပါတယ်​ "
"ကျစ်​! မင်းဟာ​လေ..
ငါ​ပြောသမျှတိုင်း အထွန့်​လေးတက်​လိုက်​ရမှ..
နောက်​ပြီး ​ပြောလိုက်​ရင်​ တဟင်​ ဟင်​ နဲ့ 
နောက်​တစ်​ခါ ​ပြောကြည့်
လျှာဖြတ်​ပစ်​မယ်​.."
အမယ်​​လေး..သူ့ ဝင်​​ခေါ်မိ​တော့မှ
စော​စောစီးစီး ဟိန်းလား​ဟောက်​လားနဲ့ 
အဆိုခံ​နေရတယ်​...
"တက်​.."
"အင်း..."
ဟန်​​သော်​ဇင်​ဦး ဆိုင်​ကယ်​စက်​နှိုးပြီး
တစ်​လှိမ့်​နှစ်​လိမ့်​​လောက်​ ​မောင်းပြီး
ဘရိတ်​​စောင့်​အုပ်​လိုက်​သည်​။
"အာ့! အာ..​သေပါပြီ
ဘာလို့  ဘရိတ်​အုပ်​တာလဲ.."
"​စော​စောက မင်းငါ့ကို
ဟန်​လို့ ​ခေါ်လိုက်​သလား.."
"​သြော်​..အဲ့ဒါက ငါ ငါ​လေ.."
"အူ​ကြောင်​​ကြောင်​ လုပ်​မ​နေနဲ့ ​နော်​မြတ်​မှူးဟန်​"
"ဟုတ်​..ဟုတ်​တယ်​..
မင်း မင်း မကြိုက်​ဘူးလား..
မင်း မကြိုက်​ရင်​ ငါမ​ခေါ်​တော့ပါဘူး .."
မြတ်​မှူးဟန်
မျက်​နှာငယ်​​လေးဖြင့်​ ကျ​တော့်​ကို
ပြာပြာသလဲ ​ပြော​နေပုံမှာ သနားစရာ..
သူ့ တစ်​​ယောက်​တည်း အတွက်​ဘဲ ရည်​ရွယ်​တဲ့
ကျ​တော့်​ရဲ့  ​ဒေါသ​တွေက သူကျ​တော့်​ကို
ကြောက်​သွား​စေတာလား..