"လမ်းထိပ်က mini martကိုလာခဲ့"
သူ့ စာတိုလေးတစောင် လက်ခံရရှိပြီးနောက်
မြတ်မှူးအိမ်ကအမြန်ထွက်ဖို့  ပြင်ရတော့သည်။
ဟန်က စောင့်ရတာမကြိုက်ဘူးမလား..
အမောတကော နဲ့  စားလိုက်တဲ့ မနက်စာက
ဘယ်လိုအရသာရှိမှန်းတောင်မသိတော့ပေ။
လွယ်အိတ်ကို ကပြာကယာဖြင့်ကောက်လွယ်ကာ
ဟန့်ကိုပေးမယ့် သိုးမွှေးဦးထုပ်ကိုတော့
အိတ်နဲ့  ထည့်ဆွဲလာခဲ့လိုက်တော့သည်။ကြိုတင်ပြီး စိတ်ကူးယဉ်တတ်ရင်
မျှော်မှန်းထားသမျှ လက်တွေ့ မှာဖြစ်မလာတတ်ဘူးဆိုတဲ့ စကားက
မြတ်မှူးကို သွေးပျက်စေသည်။
စောစောကပင် ချမ်းအေးပြီး လတ်ဆက်နေတဲ့
ဆောင်းတွင်းနံနက်ခင်းက ချက်ချင်းပင်
အေးစက်စက် အသွင်သို့  ကူးပြောင်းသည်။
ဒုတိယအကြိမ် မျှော်လင့်ချက်တွေကို
ရိုက်ချိုးခံလိုက်ရခြင်းပါပဲ။မြတ်မှူး ဆိုင်ကိုရောက်တော့
ပြာပြာသလဲ ဟန့် ကို ရှာလိုက်ပြီး
တွေ့ တော့လည်း ဟန်တယောက်တည်းမဟုတ်ခဲ့။
ဆိုင် ထောင့်စားပွဲတွင် ထိုင်နေသော
သူတို့  နှစ်ဦး စကားပြောနေတာတွေ့ ရသည်။
ဟန်နဲ့  အတူရှိနေတာက ဟိုတခါ canteen
မှာတွေ့ ခဲ့တဲ့ အမကြီးပဲပေါ့..မြတ်မှူးခြေလှမ်းတွေ ဆိုင်ပေါက်ဝမှာ
ရပ်တန့် ပစ်ခဲ့သည်။
သို့ သော် အတွေးတို့ က ရပ်တန့် လို့  မနေခဲ့.
ဟန် မြတ်မှူး ကို ခေါ်လိုက်သည်မှာ
အဲ့အမနဲ့ ဟန့် ရဲ့  ပတ်သက်မှုကို
အသိပေးချင်လို့ ခေါ်လိုက်ခြင်းများလား..
တွေးရုံနဲ့ တင် ၀မ်းနည်းလာမိသည်။
ခံစားချက်တို့ က ဟန့် ကို
ဆုံးရှုံးရတော့ မလိုမျိုးဖြစ်လာကာ..
ဟင့်အင်း.မပြောနဲ့ ..
ဟန် မြတ်မှူးကို အဲ့အမကြီးနဲ့  မိတ်ဆက်မပေးပါနဲ့
မြတ်မှူး လက်ခံနိုင်မယ် မထင်ဘူး
တော်ပြီ..တော်ပြီ..အတွေးတို့ က မြတ်မူးအား
ဆိုင်ကနေ ကျောခိုင်းထွက်သွားဖို့  လှုံ့ ဆော်ပေးနေတော့သည်။
ဒီအတိုင်းဆက်ရပ်နေရင် မျက်ရည်က ကျလာတော့မှာမို့  ရင်ဘက်ကိုဖိကာ
ဟန်နဲ့  ဝေးရာသို့  ထွက်ပြေးခဲ့လိုက်တော့သည်။
လှည့်မထွက်ခင်
အမကြီးက ဟန့် အား လက်ဆောင်အိတ်
ပေးနေတာကို မြင်ကွင်းထဲက ထွက်သွားအောင်
ကြိုးစားခဲ့မိသ်။
YOU ARE READING
ဟန်(ကျွန်တော့်ရဲ့ ဟန်)
Romanceပြန်လည်ပြီးတော့ကြိုဆိုပါတယ်ခင်ဗျ။ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ တက္ကသိုလ်က ကျောင်းficကလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ အပိုင်းကသိပ်မရှည်ပါဘူးဗျ။ ဇာတ်လမ်းအကြောင်းအရာလေးတွေကိုတော့ မပြောတော့ပါဘူး။ ဆိုတော့..ficကိုသာဖတ်ပေးကြပါလို့  ...