အပိုင်း(၄)
13 0 0
ည​နေခင်းတစ်​ခုမှာ~~
ကား​တွေ ဆိုင်​ကယ်​​တွေ
အလျိုလျိုနဲ့  ဖြတ်​သန်းသွားလာ​နေကြတဲ့
ကားလမ်းမကြီးကို မြတ်​မှူး ​​ကားမှတ်​တိုင်
စောင့်​တဲ့ ခုံတန်း​ပေါ်ထိုင်​ရင်း
တွေ​ဝေ​ငေး​မော​နေမိသည်​။
ပလက်​​ဖောင်း ​ပေါ်မှာလည်း
သွားလာ​နေကြတဲ့ လူ​တွေက ​ပေါများစွာ။
မြတ်​မှူးဟန်​ ရဲ့  အိမ်​မှာ ကား
မှတ်​တိုင်​ရဲ့  မလှမ်းမကမ်း ညာဘက်​ကလမ်းကြား၏
နှစ်​အိမ်​​မြောက်​ ဖြစ်​သည်​။
ဘယ်​မှသွားစရာ မရှိဘဲ မှတ်​တိုင်​မှာ
လာထိုင်​ပြီး မြို့ ပြမြင်​ကွင်းကို
ငေး​နေရခြင်းက စိတ်​များ သက်​သာလိုသက်​သာရငြား...။
သို့ ​သော်​ မျက်​လုံးတို့ မှာ စိတ်​ညစ်​စရာ​တွေ
ဖုံးလွှမ်းလို့​နေခဲ့သည်​။
မနှစ်​မြို့ စရာ​ကောင်းတဲ့ 
မျက်​ရည်​တစ်​​ကြောင်းက ခွင့်​မပြုပါလျက်​နှင့်
ပါးပြင်​ထက်​ ဖြတ်​သန်းစီးဆင်းသွားသည်​။
မြတ်​မှူးဟန်​ မလိုလားစွာ မျက်​ရည်​စကို
ဘယ်​ဘက်​လက်​ခုံတို့ ဖြင့်​ ချက်​ချင်း
သုတ်​ပစ်​လိုက်​သည်​။
ဟူး!...မြို့ ပြကြီးက မွန်းကြပ်​လိုက်​တာ...
"..ဘာလို့ ငို​နေတာလဲ..."
မြတ်​​မှူး အသံလာရာ ၀ဲဘက်​ဆီသို့ 
ခေါင်း​ငဲ့ကာ ကြည့်​လိုက်​​တော့..ဟန်​...
အ​ပေါ်က ဆွယ်​တာ အပြာနု​ရောင်​လေးနဲ့ 
jean ​ဘောင်းဘီ
အမှိုင်းတို့ မှာ
အရပ်​ရှည်​ရှည်​ သူ့ ခန္ဓာကိုယ်​နှင့်
လိုက်​​ရောညီ​ထွေမှုရှိစွာ။
Boot ဖိနပ်​ အ​နက်​​ရောင်​​လေး
စီးထားတာ​ကြောင့်​ ခါတိုင်းလို ဟန့်
ခြေ​ချောင်းသွယ်​သွယ်​​လေး​တွေကို မမြင်​ရ​ပေ။
ဟန့်​ရဲ့  ပုံစံ​လေးကိုက သူများထက်​ထူးခြား​နေတာမျိုးမရှိဘဲ
ဆွဲ​ဆောင်​နိုင်​လွန်း​နေတာ။
ဟန်​* ​တွေ့ လိုက်​တိုင်းမှာ ရင်​ကို
တစ်​လှပ်​လှပ်​ဖြစ်​​အောင်​ လုပ်​နိုင်​စွမ်းပါဘိ။
စင်​စစ်​ လူကို နှလုံး​ရောဂါရ​အောင်
ပြုစားနိုင်​​သော က​ဝေတစ်​ပါးလို​ပေ။
ဟန်​ ​ပြောပြီး မြတ်​မှူး ​ဘေးဝင်​ထိုင်​သည်​။
"​..ဟန်​​သော်​ဇင်​ဦး..
မင်းဘယ်​လို​ရောက်​လာတာလည်း.."