Ep-10

8.4K 519 12
                                    

" ဒီမှာ ငါကဘယ်​သူလဲဆိုတာမသိဘူးလား အဆင့်​မရှိတဲ့ဝန်​ထမ်း​တွေကများ ဟွန့်​ ကိုကိုသာသိရင်​နင်​တို့ကိုဘယ်​လိုလုပ်​မလဲမသိဘူးလားဟမ်​ "

" နင်​က​ရော ဘယ်​သူလဲ CEO ကိုများကိုကို တဲ့ အရှက်​မရှိလိုက်​တာ ပြီး​တော့ ယဉ်​​ကျေးမှုကိုမရှိဘူး "

" နင်​! ! " Shin shin ဝန်​ထမ်း​ကောင်​မ​လေးအား ရိုက်​ရန်​လက်​ရွယ်​လိုက်​စဉ်​ အ​နောက်​မှ သူမလက်​ကို ဖမ်းကိုင်​လိုက်​တာ​ကြောင့်

" ဘယ်​သူက ငါ့လက်​ကို... ဟင်​ ကိုကို "

" C.CEO " ဝန်​ထမ်း​ကောင်​မ​လေး အလွန်​လန့်​​နေပြီ။ CEO က ရန်​ဖြစ်​ရန်​​တွေ့တာ မကြိုက်​ဘူး​လေ အသံအကျယ်​ကြီး​ပြောတာ​တောင်​မကြိုက်​တာ ခု​တော့ပိုဆိုး ရန်​ဖြစ်​တာ​လေ။

" ဘယ်​လိုဖြစ်​ကြတာလဲ ပြီး​တော့ မင်းကဒီမှာဘာလာလုပ်​တာလဲ " yiboက shin shin မျက်​နှာကိုကြည့်​ပြီး​ပြောလိုက်​သည်​။

" ကိုကိုကလည်း shin shin အရမ်းသတိရ​နေတယ်​သိလား " လို့​ပြောပြီး yibo လက်​ကိုလာတွဲ​နေတာ​ကြောင့်​ yiboဖယ်​ထုတ်​လိုက်​သည်​။

" ကိုယ့်​အလုပ်​ကို သွားလုပ်​ကြ​တော့ "

" ဟုတ်​ကဲ့ CEO "

" မင်းလာခဲ့ " yibo သူမလက်​​ကောက်​ဝတ်​ကို ဆွဲလာလိုက်​သည်​။

" အာ့ ကိုကို လက်​လွှတ်​​ပေးဦး နာ​နေပြီ "

" ​ပြောစမ်း မင်းဘာလာလုပ်​တာလဲ ဟမ်​ ငါ​ပြောသားပဲ မင်းနဲ့ပတ်​သက်​စရာအ​ကြောင်းမရှိ​တော့ဘူးလို့ "

" ကိုကို ခုထိစိတ်​ဆိုး​နေတုန်းလားဟင်​ shin ရှင်းပြပါ့မယ်​ မာမားက​လေ စီးပွား​ရေးအဆင်​မ​ပြေခဲ့ဘူး အဲ့​ကြောင့်​ US ကို​ပြောင်းဖို့လုပ်​​နေတယ်​ shin မလိုက်​ချင်​ဘူးလို့ ​ပြောခဲ့​ပေမဲ့ မာမားက နင်​မလိုက်​ရင်​ အ​မွေဖြတ်​ပစ်​မယ်​တဲ့ ပြီး.ပြီး​တော့ လူတစ်​​ယောက်​နဲ့ လက်​ထပ်​ခိုင်းတယ်​ အဲ့တစ်​​ယောက်​က shin ထက်​အများကြီး အသက်​ကြီးတယ်​ shinအစက လက်​မခံခဲ့ဘူး ဒါမဲ့ မားက အ​မွေဖြတ်​ပြီး သမီးဖြစ်​လက်​မခံ​တော့ဘူးဆိုတဲ့ စကားနဲ့ shin ကိုခြိမ်း​ခြောက်​ခဲ့တယ်​ မဖြစ်​မ​နေပဲ လက်​ထပ်​ခဲ့ရတယ်​ လက်​ထပ်​မယ့်​ရက်​ အခန်းအနားထဲမှာ ရုတ်​တရက်​မိန်းက​လေးတစ်​​ယောက်​က ​ပေါ်လာတယ်​ သူမ​ပြောတာက ခု shin လက်​ထပ်​မဲ့သူနဲ့ ပတ်​သက်​ပြီးလို့ ကိုယ်​ဝန်​ရ​နေတယ်​ဆိုပြီး ​ပြောလာခဲ့တယ်​ အဲ့​ကြောင့်​ ဒီမှာပဲ ပြသနာစတာပဲ လက်​ထပ်​ပွဲမပြီး​မြောက်​ခဲ့ဘူး မာမားတို့ကလည်း သမက်​က အဲ့လိုဖြစ်​​နေခဲ့မယ်​လို့မထင်​ထားတာ​ကြောင့်​ လက်​ထပ်​ပွဲကို သိမ်းဖျက်​ခဲ့တယ်​​လေ shin လည်း တရုတ်​ပြည်​ကိုပြန်​မယ်​ဆိုပြီး မာမားကို​ပြောခဲ့တယ်​ မားလည်း နားလည်​​ပေးတယ်​ shin က စိတ်​ထိခိုက်​ခဲ့တာများပြီမို့လို့တဲ့ ဒါ​ကြောင့်​ shin က ကိုကိုစီ ပြန်​လာခဲ့တယ်​​လေ "

𝗣𝗹𝗲𝗮𝘀𝗲 𝗗𝗼𝗻'𝘁 𝗛𝗮𝘁𝗲 𝗠𝗲 (𝗭𝗮𝘄,𝗨𝗻𝗶) 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱Where stories live. Discover now