Ep-20

6.8K 414 11
                                    


" Dr. လူနာကဘာလို့ တိုးတက်​မှူမရှိ​သေးတာလဲ "

Yibo ကိုလာစစ်​​ပေး​သော တာဝန်​ကျ ဆရာဝန်​အား xiao zhan ​မေးလိုက်​သည်​။

" သိပ်​ပြီးမစိုးရိမ်​ပါနဲ့ စိတ်​ချပါ ကျွန်​​တော်​တို့စစ်​​ဆေးတာ အတွင်းဘက်​က တခုမှမထိခိုက်​ပါဘူး ကားအရှိန်​နည်းနည်းပါတာမို့ အပြင်​ပိုင်းကိုပိုထိခိုက်​ထားတယ်​ သတိရလာပါလိမ့်​မယ်​ ခွင်​ပြုပါဦး "

" ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ Dr. "




"  နိုးလာ​တော့​နော်​ ဒီမှာ zhan zhan စိုက်​ထားတဲ့ Acaciaပန်း​လေဖြစ်​လာပြီ  မထင်​ဘူးအဲ့​လောက်​မြန်​မယ်​လို့..  ပန်းရဲ့အဓိပ္ပယ်​ကို သူဆိုလိုတာက *လျို့ဝှက်​တဲ့အချစ်​ *တဲ့​နော်​ "

" zhan zhan ​လေ.. အရမ်းလွမ်းတာပဲ ..မနက်​​ရောက်​ရင်​ မနက်​နိုးလာရင်​ ကိုရဲ့ အနမ်း​တွေ
လွမ်းမိတယ်​ မနက်​စာအတူစားပြီး တီတီတာတာ
စကား​လေး​တွေဆိုမယ်​ ​နေ့လည်​မှာ ကိုကိုမရှိ​ပေမဲ့ ဖုန်း​ခေါ်လို့ရတယ်​ video call လို့ရတယ်
ည​ရောက်​ပြန်​​တော့လည်း အလုပ်​က​နေ ပြန်​လာတာကို zhan zhan ကအိမ်​​ရှေ့မှာ ရပ်​​စောင့်​မယ်
ညအိပ်​ရင်​ အရမ်း​နွေး​ထွေးတဲ့  ရင်​ခွင်​ထဲမှာ အိပ်​စက်​ချင်​တယ်​ "

" zhan zhan ကိုချစ်​ရင်​ ထလာပါ​တော့
မဟုတ်​ရင်​ ကို့ကို မချစ်​​တော့ဘူး မိန်းမယူလိုက်​မှာ​နော်​ စကားနား​ထောင်​ရင်​ ထလာ​ပေးပါ​နော်​  "

" ဘယ်​...သူ...က...ယူခိုင်းလို့လဲ "

လေသံ​ဖျော့​ဖျော့​လေးနဲ့ မကြားတကြား​လေး ဆိုလာသူက wang yibo.

" ဟင်​!! "

xiao zhan ​ခေါင်း​မော့ကြည့်​လိုက်​သည်​။ အားပျက်​​နေတာမို့ မျက်​လုံးကို ​ကောင်း​ကောင်းမဖွင့်​နိုင်​ နှုတ်​ခမ်း​တွေကလဲ ဖြူစွတ်​​နေ​သော wang yibo. ဒါ​ပေမဲ့ xiao zhan တွက်​ကျ ဘယ်​လို​နေ​နေ ခန့်​​ချောကြီးပါ။( အေးပါ :"( )

" ဘယ်​သူခွင့်​ပြုချက်​နဲ့ ယူမှာလဲ "

"  နိုး.နိုးလာပြီလား  ​နောက်​ဆုံး​တော့ zhan zhan ကို မပစ်​ထားဘူး​ပေါ့...တစ်​​ယောက်​ထဲ ချန်​ခဲ့မယ်​ထင်​​နေတာ "

𝗣𝗹𝗲𝗮𝘀𝗲 𝗗𝗼𝗻'𝘁 𝗛𝗮𝘁𝗲 𝗠𝗲 (𝗭𝗮𝘄,𝗨𝗻𝗶) 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱Where stories live. Discover now