Ep-33

7.6K 400 2
                                    

မနက်​ခင်း​လေးကို ချစ်​ရသူနဲ့ ​ကျော်​ဖြတ်​ရရင်​ ဘယ်​​လောက်​​ပျော်​ဖို့​ကောင်းသလဲ။

Wang yibo ဖြစ်​ချင်​တဲ့ဆန္ဒတိုင်းဖြစ်​ခဲ့ပြီ​လေ။ သူ ချစ်​ရတဲ့သူနဲ့​ပျော်​​ပျော်​ရွှင်​ရွှင်​​နေရဖို့တွက်​ကို အမြဲ​စောင့်​ဆိုင်း​နေရတယ်​။ ခု​တော့ ဆန္ဒပြည့်​ဝသွားခဲ့ပြီ။ Zhan zhan နဲ့သာ အတူ​နေရရင်​ သူဘာကိုမှမလိုလား​တော့ပါဘူး။

"  ဟွာ မ​နေ့က မာမားတို့ ဘယ်​လို​ရောက်​လာတာလဲ အ​ကြောင်းရင်း​တွေ zhan zhanထက်​အရင်​သိထားတာလား "

" သိပြီးမှ လာတာ​ပေါ့ zhan zhanရ "

"zhan zhanကိုကျ ​နောက်​မှသိရတယ်​ မ​ကျေနပ်​ဘူး "

^ ဒီက​လေးက​တော့^

Yibo စိတ်​ထဲ​ပြော​နေ၏။

" ​နောက်​မှသိရ​တော့ Suprise မဖြစ်​ဘူးလား zhan zhan ရယ်​ "

" ​နောက်​ကျရင်​ zhan zhanကို အရင်​​ပြောရမယ်​​နော်​ "

" အင်းအင်းပါ လာပါဦး ကိုယ့်​ရင်​ခွင်​ထဲကို ပြန်​အိပ်​လိုက်​​နော်​ အ​စောပဲရှိ​သေးတယ်​ "

Yibo, Xiao zhanအား ဖက်​ထား​ပေးလိုက်​၏။

Yibo ပြသနာအားလုံးရဲ့ အ​ဖြေကိုသိပြီးတာနဲ့ xiao zhan ကို​ပြောမလို့ပါပဲ။ဒါမဲ့ သူ့ပါပါးက zhan zhan နဲ့အဆက်​အသွယ်​မလုပ်​ခိုင်းထားဘူးဆို​တော့ yibo က ပါပါးနဲ့ မာမားကို အရင်​​ပြောရန်​ ဆုံးဖြတ်​လိုက်​တာ။

ပါပါး အ​ကြောင်းရင်း​တွေ သိပြီး​တော့မှ yibo အား​တောင်းပန်​ပါ၏။ yibo စိတ်​ထဲမှာ ဘာမှမထားမိ။ အစ က ပါပါး​ပြောခဲ့တဲ့ စကား​တွေကို သူအမြဲခွင့်​လွှတ်​ပါသည်​။အဲ့နဲ့ မားက အဲ့အ​ကြောင်း​တွေကို zhan zhan ကိုမ​ပြော​သေးနဲ့ဦးတဲ့ မားတို့ surprise တခုခုလုပ်​ရ​အောင်​တဲ့။မာမားက ​ပြောတယ်​ ဒီ​နေ့က zhan zhan ​မွေး​နေ့တဲ့​လေ ဒါဆိုကွတ်​တိပဲ​ပေါ့ ကျွန်​​တော်​​နောက်​ထပ်​ ဒုတိယအခါ zhan zhanကိုလက်​ထပ်​ခွင့်​​တောင်းမှာနဲ့ ​မွေး​နေ့ကို တခါတည်းလုပ်​လိုက်​မယ်​ဆိုတာကို​ပေါ့။

မွေး​နေ့ပွဲပြီးသွားတဲ့ညမှာပဲ ကျွန်​​တော်​ zhan zhanကို​ပြောလိုက်​သည်​။ zhan zhanက ငိုယိုပါ​လေ​ရော။ ​တောင်းပန်​ပါတယ်​ ၊ zhan zhanကို ခွှင့်​လွတ်​ပါ ဆိုတဲ့ စကားလုံး​လေး​တွေ ကျွန်​​တော်​ညက နားအူ​နေ​အောင်​ နား​ထောင်​လိုက်​ရတယ်​​လေ။

𝗣𝗹𝗲𝗮𝘀𝗲 𝗗𝗼𝗻'𝘁 𝗛𝗮𝘁𝗲 𝗠𝗲 (𝗭𝗮𝘄,𝗨𝗻𝗶) 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱Where stories live. Discover now