Ep-13

8.1K 538 16
                                    

မနက်​​ရောက်​​တော့ xiao zhan taxi ငှါးပြီး wang အိမ်​​တော်​သို့ပြန်​ခဲ့လိုက်​သည်​။

" သား​ရှောင်းကျန့်​ လာပြီလား "

" ဟုတ်​ ဦး​လေး "

" ​အေးကွယ်​ ဦး​လေး​တောင်​လန့်​သွားတာပဲ ​နောက်​ကျရင်​တည့်​​အောင်​​ပေါင်းပါကွယ်​ "

" ဟုတ်​ကဲ့ "

Xiao zhan ​ပြောပြီးတာနဲ့အိမ်​ထဲဝင်​လာခဲ့သည်​။

" အိမ်​ကလည်း တိတ်​ဆိတ်​​နေတာပဲ
သူအလုပ်​သွားပြီလား "

မီးဖိုခန်းထဲဝင်​သွား​တော့လည်း ​ဒေါ်ကြီးမရှိ ။

" ​ဒေါ်​လေးက ဘယ်​​ရောက်​သွားတာလဲမသိဘူး "

ဂြီး~~~~

" အား ငါ့ဖန်​ချက်​လိုက်​​တော့မယ်​ "

ချက်​ပြုတ်​ရန်​ ​ရေခဲ​သေတ္တာဖွင့်​လိုက်​စဉ်​ သူအရမ်းကြိုက်​တဲ့ စပါကတီကို မြင်​လိုက်​​တော့ အရမ်း​ပျော်​မိသွားသည်​။ပြီး​တော့ စာတစ်​​စောင်

* zhan zhan လာလို့အိမ်​မှာမရှိတဲ့တွက်​​တောင်းပန်​ပါတယ်​ zhan zhan အရမ်းကြိုက်​တတ်​တဲ့ စပါကတီကို ကိုယ်​တိုင်​ချက်​​ပေးထားတယ်​ ​ရေခဲ​သေတ္တာထဲမှာ စားမယ်​ဆို ပြန်​​နွေးမှစားလိုက်​​နော်​ ​နေမ​ကောင်းဖြစ်​မှာစိုးလို့

♥♥ Ai ni zhan zhan ♥♥ *

" အရူး သူက​တောင်းပန်​ရတာရှိ​သေး "
xiao zhan ခုလိုသူ့ကို ဂရုစိုက်​တာ သိ​တော့ မျက်​ရည်​ဝဲမိပါ၏။

သူ​ပြောတဲ့တိုင်း ​နွေးပြီး စားလိုက်​သည်​။

" ပျင်းလိုက်​တာ ဘယ်​လိုလုပ်​ရမလဲပါ့ ဟူး ငါတို့အိမ်​လိုလဲမဟုတ်​​တော့ "

~ တင်း​တောင်​ တင်း​တောင်​ ~

" သူလာတာလား မဖြစ်​နိုင်​တာ အ​စောပဲရှိ​သေး "

" လူ​လေးက " ခြံ​စောင့်​ဦး​လေးက​ပြောလိုက်​သည်​။

" ပစ္စည်းလာပို့တာပါ "

" ​အော်​​အေး​အေး အထဲကို ပို့လိုက်​​နော့ ​ရှောင်းသခင်​​လေး ရှိတယ်​."

𝗣𝗹𝗲𝗮𝘀𝗲 𝗗𝗼𝗻'𝘁 𝗛𝗮𝘁𝗲 𝗠𝗲 (𝗭𝗮𝘄,𝗨𝗻𝗶) 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱Where stories live. Discover now