Ep-40 final

9.6K 415 24
                                    


မနက်ခင်းနေရောင်ခြည်က အခန်းထဲကိုထိုးဖောက်နေလျက်။ကျေးငှက်တို့ရဲ့ ကျီစယ်သံတွေနဲ့ သာယာနေသလို။

"သည်းငယ် အိပ်ဦးလေကွာ အစောကြီးပဲ ရှိသေးတာကို ကိုယ်ဝန်သည်တွေက အိပ်ရေးဝရတယ်တဲ့ "

" ဘာကိုအစောကြီးလဲ နိုးနေရင်လဲ ထတော့ ကလေးတွေသွားကြည့်လိုက်ဦးမယ် ထတော့နော် "

" အွန်း "

Xiao Zhan ကလေးတွေရဲ့ အခန်းထဲကိုဝင်လာလိုက်တယ်။
ခုတင်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ဖက်အိပ်နေသော Yi နဲ့ Yuanကိုကြည့်ပြီး သူပြုံးလိုက်သေးတယ်။ နောက် ပုခက်ထဲမှာကလေးလေးနှစ်ယောက် အိပ်နေတာ သွားရည်တွေ ပါးမှာကွက်လို့ရယ် ။ Yizhan လေးနဲ့ WangZhan လေး။

" အဲ့ ဟင့် "

ပါးလေးကို သွားထိမိသွားတော့ အဲ့ဆိုတဲ့ အသံပိစိကလေးထွက်လာတယ်။ နည်းနည်းလေးမှ အထိမခံဘူး။

" ကျွတ် ကျွတ် ကျွတ် ပြန်အိပ်နော် ပါပါးကလေး "

Xiao Zhan ကလေးရဲ့ဖင်လေးပုတ်ပြီး သိပ်နေတယ် ။ပြန်အိပ်သွားတော့မှ သူအခန်းထဲက ထွက်ခဲ့တယ် ။

"အော် အကိုလေးတောင်နိုးလာပြီလား မနက်စာဖို့ ဒေါ်ကြီးခုမှ ပြင်မှာ "

" ကျွန်တော်ကူလုပ်တာပေါ့ "

🍽🍽🍽🍽🍽🍽🍽🍽🍽🍽

"ယောကျာင်္း ဒီနေ့စောစောပြန်လာနော် Yi နဲ့ Yuan လေးတို့ရဲ့မွေးနေ့လေ "

" ဟုတ်ပါပြီဗျာ "

"Daddy daddy ညကျရင် လက်ဆောင်များရီး ဝယ်ခဲ့ပေးနော် Yi လေးချောင့်နေမယ် "

" ဒါပေါ့ အများကြီးဝယ်ခဲ့မယ် Yuan လေးရော ဘာလိုချင်လဲ Daddy ဘာဝယ်ပေးရမလဲ "

"သားသားက ဘာဖြစ်ဖြစ်ရပါတယ်ဗျ ညီညီလိုချင်တာပဲ ဝယ်ခဲ့ပေးပါ Daddy "

" အလိမ္မာတုံးလေး "

Yibo က Yuan လေးရဲ့ပါးတစ်ဖက်ကိုညစ်လိုက်တယ်။

"Daddy သားသားရဲ့ပါးကိုရော မကိုင်ဘူးယား သားသားလဲ လိမ္မာပါတယ်နော် "

စွာစိလန် Xiao Yi လေး။ တော်တော် စကားများတယ် ။

Xiao Zhan pov;;

𝗣𝗹𝗲𝗮𝘀𝗲 𝗗𝗼𝗻'𝘁 𝗛𝗮𝘁𝗲 𝗠𝗲 (𝗭𝗮𝘄,𝗨𝗻𝗶) 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱Where stories live. Discover now