" Cut "
ဒါရိုက်တာဆီမှCutဆိုသည့်အသံကြားလိုက်ရသည်နှင့်လက်ခုပ်တီးသံတို့ညံ့စည်စွာထွက်ပေါ်လာသောဇာတ်လမ်းတွဲ၏နောက်ဆုံးအပိုင်းကိုရိုက်ကူးနေသောရိုက်ကွင်း ။
နောက်ဆုံးတော့အောင်အောင်မြင်မြင်ဖြင့်ပြီးမြှောက်လို့သွားမှကျွန်တော်သက်ပြင်းရှည်တစ်ချက်ကိုပေါ့ပေါ့ပါးပါးလေးချပစ်နိုင်သည် ။
" Oppa Coffee "
" အင်း .. ကျေးဇူးပဲ Na Young ah "
Na Youngကမ်းပေးသောကော်ဖီအေးအားအမောပြေတစ်ငုံ့သောက်ပြီးသည်နှင့် Silentလုပ်ထားသောဖုန်းမျက်နှာကလေးအားလက်မလေးနှင့်တစ်ချက်ဖွင့်ကြည့်လိုက်တော့ အချိန်သည်ကားည၈နာရီ ။ ဒီအချိန်လောက်ဆိုအသက်ညစာစားနှင့်ပြီးဆေးသောက်ပြီးလောက်ပြီပေါ့ ။
" Na Young "
" ရှင် ! .. Oppa "
" ရိုက်ကွင်းပြီးပြီဆိုတော့ကိုယ်ပြန်တော့မယ် "
" ဟင် ! ပြန်တော့မလို့လားOppaက ? .. ပါတီပွဲကျန်သေးတာကို "
" ကိုယ်ပါတီပွဲမတက်တော့ဘူးNa Young .. အိမ်မှာတစ်ယောက်တည်းထားခဲ့တဲ့အသက်ကို ကိုယ်စိတ်မချလို့ ကိုယ်ပါတီပွဲမတက်နိုင်တာကိုလည်း ဒါရိုက်တာကြီးတို့ကိုNa Youngပဲကြည့်ကြပ်ပြီးကြည့်ကောင်းအောင်ပြောပြလိုက်နော် ဟုတ်ပြီလား ! ကိုယ်သွားပြီ "
" Oppa ! ... Chanyeol Oppa ! ! "
အနောက်မှလှမ်းအော်ခေါ်နေသောသူမခေါ်သံတို့အား မျက်ကွယ်ပြုလျက်အသက်ရှိရာအိမ်သို့သာကားဖြင့်အမြန်မောင်းနှင်ထွက်လာခဲ့သောကျွန်တော် ။ ဟုတ်ပါသည် ။ ကျွန်တော်Na Youngကိုလိမ်ပြောခဲ့တယ်ဆိုတာ ။
အသက်ကိုအိမ်မှာတစ်ယောက်တည်းထားခဲ့ရမှာစိတ်မချလို့မနက်အစောကြီးComebackအတွက်အသံသွားမသွင်းခင်အချိန်ကတည်းက အသက်ကိုသူ့မေမေ့အိမ်ပြန်ပို့ပေးခဲ့ပြီးမေမေ့Byunကိုအသက်ကိုဂရုစိုက်ဖို့တဖွဖွမှာခဲ့ပြီးမှာအိမ်ကနေထွက်လာခဲ့တဲ့ကျွန်တော် ။ အမှန်တိုင်းပြောရရင်မွေးမိခင်မေမေ့Byunလက်ထဲထည့်ထားခဲ့ရတာတောင်စိတ်သိပ်မချချင်သေး ။
![](https://img.wattpad.com/cover/187936708-288-k490209.jpg)
YOU ARE READING
|| STRAWBERRY || 【SEASON - II】《COMPLETED》
RomanceCHANBAEK FAN FICTION [UNICODE + ZAWGYI]