🍓 ѕιχ

8.4K 963 196
                                    


Knock Knock !!

" မောင်လေး "

တစ်နေကုန် သူငယ်ချင်းတွေဖြင့်လျှောက်လည်မိပြီးညဘက်အိပ်ရာမဝင်ခင်အမြဲလုပ်တတ်သည့်အကျင့်တစ်ခုဖြစ်သည့် Laptopထဲတွင်ရှိသောကိုယ်ကိုယ်တိုင်ခွဲစိတ်ထားခဲ့သည့်နှလုံးအစားထိုးခွဲစိတ်မှုViedoတို့အားပြန်ကြည့်နေမိတတ်သောကျွန်တော် ။ ပြိုင်တူထွက်ပေါ်လာသည့်တံခါးခေါက်သံနှင့်ခေါ်သံကြောင့်ကြည့်လက်စ Viedoအားခဏရပ်၍အနောက်သို့သမင်လည်ပြန်လေးတစ်ချက်လှည့်ကြည့်လိုက်တော့ အခန်းတံခါးလေးအား အသာလေးဟပြီးခေါင်းလေးတစ်လုံးသာဖော်ထားသောNoona ။

" ဟို မောင်လေး .. Noona ခဏဝင်လာမယ်နော် "

ကလေးတစ်ယောက်အလားအခန်းပိုင်ရှင်အားဝင်ခွင့်တောင်းနေတဲ့ပုံမှာချစ်စဖွယ် ။ ခွင့်ပြုသည်လို့ကျွန်တော့်ဘက်မှခေါင်းလေးကိုတစ်ချက်ညိတ်ပြလိုက်တော့သွားလေးတွေအကုန်စီစီရီရီပေါ်သည်အထိပြုံးပြလျက် အခန်းထဲသို့ဝင်လာကာကုတင်ဘေးတွင်ရှိသောစာကြည့်ခုံ၌ဝင်ထိုင်ပြီးနောက် မိမိပြောမည့်စကားအား ကျွန်တော့်ကိုပြောပြရင်ကောင်းမလားမကောင်းဘူးလားဆိုသည်ကိုလက်ချောင်းလေးတွေအချင်းချင်း ယှက်နွယ်ပြီးစဉ်းစားခန်းထုတ်လို့နေပြန် ။

" Noona "

" ဟင် ! "

" ကျွန်တော့်ကိုဘာပြောချင်လို့လဲ "

" ဟို .... ဟိုလေ မောင်လေး "

" အင်း .. ဆက်ပြောလေ Noona .. ကျွန်တော်နားထောင်နေတယ် "

" ဟို .. မနက်ဖြန်ကျရင်လက်ထပ်ပွဲအတွက်မင်္ဂလာဝတ်စုံကိုဒေါ်လေးParkနဲ့အတူသွားကြည့်ဖို့ရှိတယ် ... အဲ့ဒါ ... "

" အဲ့ဒါ မေမေကဖေဖေနဲ့ဂျပန်ကိုလိုက်သွားလို့မေမေ့အစားကျွန်တော့်ကိုNoonaနဲ့အတူအဖော်လိုက်ပေးစေချင်တယ်လို့ Noonaပြောဖို့မဟုတ်လား ! "

အမြဲတမ်းလူတစ်ယောက်ရဲ့မျက်နှာရိပ်မျက်နှာကဲကိုဖတ်တာတော်တဲ့ကျွန်တော့်စကားအဆုံးရိုးမသွားသောအပြုံးပန်းလေးတို့အားမျက်နှာထပ်ဝယ်ပန်ဆင်လျက်ခေါင်းလေးကိုတဆက်ဆက်ပြန်ညိတ်ပြလေသည် ။

|| STRAWBERRY || 【SEASON - II】《COMPLETED》Donde viven las historias. Descúbrelo ahora