" Oh .. Oh Sehun ! ! "
မြင်နေရသောသူ့မျက်လုံးတောင်သူမယုံကြည်နိုင်ဖြစ်လွန်းလို့ အိပ်မက်တစ်ခုအလားတွေးထင်ရင်းသူ့မျက်လုံးလေးတစ်စုံအားလက်ချောင်းလေးတွေဖြင့် အတင်းပွတ်ပြီး ပြန်ကြည့်လိုက်တော့ တကယ့်ကိုအိပ်မက်မဟုတ်သည့်လက်တွေ့ ပင်ဖြစ်လို့နေလေသည် ။
" ကိုယ်ချောတာကိုယ်သိပေမယ့် .. ကိုယ့်ကိုအဲ့လောက်ကြီးပြူးမကြည့်ပါနဲ့လား Xiao Luhan .. ကိုယ်ကရှက်တတ်လို့ "
~ ' ကိုယ်ကရှက်တတ် 'လို့ပဲဖြစ်ရချည်ရဲ့ ကိုယ်ဖင်ကောက်ရယ် .. သောက်လခွမ်းတွေ ဒီကစောက်ချောကြီးဖြစ်တဲ့ငါလေးလိုချောရင်တော့ပြောအားရှိသေး ~
မိမိကိုယ်မိမိအထင်တွေဇွတ်ကြီးနေသောအချေကောင်ကြီး၏စကားကြောင့် အောက်မေးရိုး20°ထိကျသွားခဲ့ရသော Luhan ။
အချေကောင်ကြီးဖြင့်မျက်နှာချင်းဆိုင်နေမိရာမှတစ်ခြားတစ်ဖက်သို့မျက်နှာလွဲလိုက်ပြီးအရှေ့တွင်စားပွဲထိုးလာချသွားပေးသောရေအေးအေးတစ်ခွက်အားကောက်မော့ပြီးပါးစပ်မှလေပူတစ်ချက်ကိုခပ်ပြင်းပြင်းပြန်မှုတ်ထုတ်လိုက်ပြီး တစ်ဖန်အချေကောင်ကြီးဖြင့်မျက်နှာချင်းပြန်ဆိုင်လျက် ...
" ဒီစေ့စပ်ပွဲကိုမင်းဘက်ကနေဖျတ်သိမ်းပေးပါ Oh Sehun "
မျက်နှာထားခပ်တည်တည်နှင့်လေသံမာမာဖြင့်ပြောလိုက်သောသူ့အားပြုံးပြုံးကြီးသာပြန်ကြည့်လျက် ..
" Sorryပဲ Xiao Luhan .. ကိုယ့်ကမာမီစကားကိုတသွေမသိမ်းနားထောင်တဲ့သားလိမ္မာလေးတစ်ယောက်မို့ မင်းပြောတာကို ကိုယ့်ဘက်နေဘယ်လိုမှမလုပ်ပေးနိုင်ဘူး "
" သြော် ... သြော် ... သားလိမ္မာလေးတဲ့လား ! .. အဟက် .. ကောင်းပြီလေ .. ဒါဆိုလည်းငါ့ဘက်ကပဲဒီစေ့စပ်ပွဲကိုဖျတ်သိမ်းတဲ့သတင်းကိုပြန်အကြောင်းကြားပေးရတာပေါ့ "
" မင်းအဲ့လိုလုပ်လို့မရဘူး Xiao Luhan ! "
" ဘာလို့လဲ ! .. ဘာလို့ငါကအဲ့လိုလုပ်လို့မရရတာလဲ ! "
![](https://img.wattpad.com/cover/187936708-288-k490209.jpg)
ESTÁS LEYENDO
|| STRAWBERRY || 【SEASON - II】《COMPLETED》
RomanceCHANBAEK FAN FICTION [UNICODE + ZAWGYI]