မနက်ခင်း..တွန်လေး တစ်ယောက် အိပ်ယာမှ နိုးလာတော့...ခေါင်းထဲ က အတွေးတွေက တခုချင်းစီ တရေးရေး ပေါ်လာသည်....
အခုတော့..အကုန်လုံးကို ပြန်မှတ်မိ စ ပြုလာလေပီ..
(ငါ ဆေးရုံကနေ မဆင်းချင်သေးဘူး...ငါဆင်းသွားရင် ကိုကြီးနဲ့ ထပ်တွေ့ရမှာ မဟုတ်တော့ဘူး..ကိုကြီးနဲ့..ထပ်ပီး ပတ်သက်နိုင်ဖို့ ကိုသူရိန်ကိုဘဲ လက်ထပ်လိုက်ရင်..ကောင်းမလား ဘဲ....ဟူး...တပတ်လောက်တော့..နေလိုက်ပါအုံးမယ်လေ...ပီးရင်တော့ ဆင်းတာပေါ့...ကို့အတွေးနဲ့ကို...ထိုက်နေတုန်း...ဝတ်မှုန်တဲ့ အတွဲ နဲ့ ကိုသူရိန်တို့ ရောက်လာလေသည်...
လိပ်ပြာ..သက်သာရဲ့လား...ငါ နင့်အတွက် ပန်းသီးတွေ ဝယ်ခဲ့တယ်...အင်း..နေကြာပန်းလဲ ဝယ်ခဲ့တယ်..ခနလေး ပန်းအိုးထိုးပေးမယ်...
ဝတ်မှုန်..ပန်းတွေ အလှဆင်နေရင်း...
ကိုသူရိန် သိလား..လိပ်ပြာက ယောကျ်ားလေး လိုသာနေတာ..ပန်းအိုး ထိုးတာ သိပ်လှတာ...မှတ်ထားနော်..ဟီးဟီး
(သူရိန်က ဝတ်မှုန်တို့ နှစ်ယောက်ကို ဝင်ခေါ်ရင်း
လိပ်ပြာကို ချသ်တဲ့အကြောင်းတွေ..ပြောပြ လာတာပါ)ဟုတ်ကဲ့ပါဗျာ..ကျနော် မှတ်ထားလိုက်ပါ့မယ်...
ထို့နောက် စကားတွေ ပြောကြရင်း အချိန်နည်းနည်းလောပ်ကြာတော့...
လိပ်ပြာရေ..ငါတို့ wedding အတွက် လုပ်စရာလေးတွေ ရှိသေးလို့..ပြန်အုံးမယ်...ကိုသုရိန်လဲ ရှိနေမယ် မလား...ခွင့်ပြုအုံးနော်....
အော်...အေးအေး...
လိပ်ပြာ..ဆေးရုံ ဘယ်တော့ လောပ်ဆင်းမလဲ..ငါ့ wedding တော့ လာနော်...
အင်းပါ...ငါ တပတ်လောက်နေပီးရင်..ဆင်းမှာပါ...
အင်းအဲ့တာဆို..ငါတို့ သွားပီနော်...ကိုသူရိန် ဂရုစိုက်ပေးပါအုံး...တာ့တာနော်
အင်ူ..တာ့တာ
လိပ်ပြာ..သူတို့အတွဲကို အားမကျဘူးလား...
မကျပါဘူး...ဘာလို့ ကျ ရမှာလဲ...
ကိုတော့ အားကျတယ်...လိပ်ပြာ ကို့ကို လက်ခံပေးပါနော်..ကို့ကို အကြာကြီး မစောင့်ခိုင်းပါနဲ့နော်...ကို့အသက်လည်း မငယ်တော့ဘူး...