part7(zawgyi)

262 5 0
                                    

မနက်မိုးလင်းတော့...
မာန်နဲ့သတိုး တို့ ရေမိုးချိုး ပြင်ဆင်ပီး
အောက်ထပ်ကို ဆင်းလာကြတော့...

"ကြီးအုန်းရေ...မနက်စာက သတိုးကြိုက်တဲ့ မုန့်ဟင်းခါးလေး သွားဝယ်ပေးပါ..တွန်လေးရော..မနိုးသေးဘူးလား...

"မောင် ဇှဲမာနျ...ကလေးမ က ဖျားနေတယ်...အကြီး အုန်းသွားခေါ်တော့...မနက်စာ ကို စားလိုက်ကြပါတဲ့...သူမဆင်းလာတော့ဘူးတဲ့...

"ဟာ..နေမကောင်းရင် ဒီတိုင်းနေလို့ ဘယ်ရမှာလဲ...သွားကြည့်အုံးမှဘဲ....

ပြောရင်း..လှည့်ထွက်မည် အလုပ်..သတိုးက လှမ်းဆွဲ ထားလိုက်လေသည်....

"ဦးမာန်ကလဲ...ကလေးနဲ့ သွားစရာ ရှိတယ် မဟုတ်ဘူးလား....နောက်တော့ တစုံတခုကို အနားကပ်ပီး ပြောလိုပ်လေသည်...

"အာ...ဟုတ်သားဘဲ...ကျနော် အရေးတကြီး သွားစရာရှိလို့...အပြင်မှာဘဲ စားလိုက်မယ်...မုန့်ဟင်းခါးလည်း မဝယ်နဲ့တော့..ဆေးခန်းသွားဖို့ သူရိန်ကို လွှတ်လိုက်မယ်...သူရိန်လာရင် ဆေးခန်းသွားခိုင်းလိုက်ပါ..ကျနော်မှာသွားတယ်လို့....

"ဟုတ်ကဲ့..ပြောလိုက်ပါ့မယ် မောင်ဇွဲမာန်...

"လာ..ချစ်လေး သွားစို့...

ဆိုပီး..ထွက်သွားကြလေသည်...

(သတိုးက အနားကပ်ပီး ဘာပြောလည်းလဲ သိကြမှာပါနော်...ဇွဲမာန်က သူရိန် တွန်လေးကို ကြိုက်နေတဲ့အကြောင်းကို အရင်တည်းက ပြောပြပီးသားပါနော်...သူ့ချစ်ချစ်ကြီးလည်း..ပါမသွားအောင်လို့ ကာကွယ်တဲ့ သဘောပေါ့....

"တီ..တီ...ဟဲလို..သူရိန် မင်းသဲလေး..နေမကောင်းဘူးတဲ့ ..အိမ်မှာ လာကြည့်လိုပ်အုံး..ငါဆေးခန်းသွားဖို့ပြောထားတယ်...

"အင်း...ပြော ...ဟျောင့်...
ဟာ..ဟုတ်လား..အေးအေး ငါလာခဲ့မယ် ဟျောင့်...

"ကောင်လေးတွေ သူနိုးလာရင်ဆေးခန်း ပို့ပေးလိုက်ကြ..ငါအရေးတကြီး လုပ်စရာ ရှိလို့...ပြန်တော့မယ်...စိတ်ချမယ်နော်..

"ဟုတ်ကဲ့..ကိုသူရိန်..

သူရိန်လည်း ကားကိုမောင်းရင်း ဇွဲမာန်တို့ အိမ်ရှေ့ရောက်တော့..ကားကိုရပ်လိုက်သည်..
အိမ်ထဲကိုရောက်တော့
"ဒေါ်အုန်းရေ...တွန်လေး နေမကောင်းဘူးဆို..ဇွဲမာန်က ဆေးခန်းလိုက်ပို့ ခိုင်းလိုက်လို့...

အမုန်းများဖြင့် မာန်Where stories live. Discover now