နှစ်ယောက်သား..အိမ်ကိုရောက်တော့..
"တော်တော် ပျော်နေကြတယ်ပေါ့..ဘယ်က ပြန်လာကြတာလဲ...ဒါက..
"ဒီတိုင်းပါဘဲ ပျင်းလို့ ကစားကွင်း လိုက်ပို့ခိုင်းတာ..
"မင်းကလဲ..ဘာဖစ်နေတာလဲကွ..
"မသိဘူးဟျောင့်...ငါစိတ်ပူတယ်..မင်းချစ်တယ် ဆိုလို့..ငါယုံကြည်ပီး ထည့် ပေးလိုက်တာ... ငါ့ယုံကြည်မှုကို အလွဲသုံးစား လုပ်လို့ ငါတော့..မင်းအသေဘဲ...
"ဟင်..အဲ့ဒါဆို..ကိုကြီးက အလိုတူအလိုပါပေါ့..သက်သက် ထည့်ပေးလိုက်တာပေါ့...ကိုသူရိန် ချစ်နေတာကို ကိုကြီးက သိနေတယ်ပေါ့...
"ဟီးဟီး..ဟုတ်တယ်လေ တွန်လေးရဲ့...တွန်လေး နေကောင်းတဲ့အချိန်ထိ ဂရု စိုက် တာနေတာက သူတွန်လေးကို ချစ်နေလို့ပေါ့..
"ဟင့်..ဟင့် ကိုကြီး မကောင်းဘူး...တွန်လေးက..
.......ဆိုပီး...အပေါ်ထပ်ပြေးတက်သွားလေသည်..
"ဇွဲမာန် ငါမှားသွားပီလားကွာ..တွန်လေးငိုအောင် ငါလုပ်မိပီ...တနေ့လုံးအပျော်လေးတွေ...ပျက်စီးသွားပီကွာ...
ဇွဲမာန်က သူရိန်ပခုံး ကို ခပ်ဖွဖွ ပုတ်လိုက်ပီး
"ရပါတယ်ကွာ..ငါကြည့်လုပ်လိုက်ပါ့မယ်...ဇွဲမာန်ပါကွ..ငါဘာကောင်လဲဆိုတာ မင်းမသိဘူးလား...
"အေးပါကွာ မိုးလည်း ချုပ်နေပီ..ငါပြန်ပီနော်..ဟျောင်....
"အေးအေး...ကားကိုသေချာမောင်းအုံး...
အခန်းထဲမှာတော့ တွန်လေးတစ်ယောက် မှန်ရှေ့မှာ ထိုင်နေရင်း...
(ငါချစ်တဲ့သူဆီမှာ အရင်ကတည်းက ချစ်ရတဲ့သူက ရှိပီးသားဘဲ...ငါသူ့ကို အနှောင့်အယှက် မပေးချင်တော့ဘူး..ငါ့ကို ဂရုတစိုက် ရှိနေပေးတဲ့ ကိုသူရိန် ကိုဘဲ ချစ်တော့ မယ်..ဟုတ်တယ်..အဲ့ဒါဆို အဆင်ပြေသွားလောက်မှာပါ...
နောက်တော့ ထမင်းစားကြရင်း...
"ဘာလို့ ထမင်းနည်းနည်းဘဲ စားရတာလဲ...စားမကောင်းဘူး လား..
"ကောင်းပါတယ် ကိုကြီး..ဗိုက်မဆာ လို့ပါ..
"ကို ညနေက ပြောတာ စိတ်ဆိုးသွားတာလား...
သူရိန်က ကောင်းပါတယ်... တွန်လေးကို ဂရုစိုက် တာမှ ကို့ထက်တောင် ပိုနေသေး..