First Person For U

6.4K 536 14
                                    

ငါတို့ရဲ့တွေ့ဆုံမှုက တိုက်ဆိုင်မှုတခုဖြစ်ရုံပဲလား   ?

________________________________

Chapter - One

" ရှင်းယန် " အထက်တန်းကျောင်း၏ ဒုတိယအပါတ်
ကျောင်းဖွင့်ရက်(တနင်္လာနေ့)မှာ ဂိတ်စောင့် ဦးလေးကြီး
က " နွေရာသီ ကျောင်းဖွင့်ရက်မှ ကြိုဆိုပါတယ် "ဆိုတဲ့
ဆိုင်းပုဒ်ကို   ဖြုတ်ချနေသည် ။  စုစုရုံးရုံး  တဖွဲ့ပြီးတဖွဲ့
ကျောင်းဝန်းထဲ  ဝင်လာနေတဲ့  တူညီယူနီဖောင်းနှင့်
ကျောင်းသား/သူတွေက ဂိတ်စောင့်ဦးလေးကြီးက စစ
နောက်နောက်နဲ့ နူတ်ဆက်သွားကြတာကို ဦးလေးကြီး
က ခေါင်းတညိတ်ညိတ်  တပြုံးပြုံးနဲ့ ပြန်လည်နူတ်ဆက်
သည်  ။

" ဦးလေးကြီး   နွေရာသီကျောင်းဖွင့်ရက်ကို မကြိုဆို
တော့ဘူးလား   "

" ပထမတပါတ် ကြိုဆိုပြီးနေပြီတဲ့  မင်းတို့ကျောင်းအုပ်
ကြီးက ဖြုတ်ခိုင်းနေပြီကွ "

စာသင်ချိန်တွေ နီးကပ်လာတာမို့ ကျောင်းတံခါး မပိတ်
ခင်  နောက်ဆုံးဝင်လာတဲ့  ကျောင်းသားလေးကို ဂိတ်
စောင့်ဦးလေးကြီးက ပြုံးပြကာ  အမြန်ဝင်ဖို့ လက်ယက်
ပြလိုက်သည် ။

အမည် ဗြောင်ဘတ်ဟျွန်း နာမည်ကတ်ပြားကို ရင်ဘတ်
မှာတပ်ထားပြီး ပထမဆုံးစဝတ်ရတဲ့ကျောင်းယူနီဖောင်း
က ကျောင်းပြောင်းကျောင်းသား တယောက်အတွက်
အနည်းအကျဉ်းတော့  စိတ်လှုပ်ရှားစရာ ကောင်းနေ၏။
လေပူတချက်  မှုတ်ထုတ်လိုက်ပြီး  ဂိတ်စောင့်ဦးလေး
ကြီးကို ရယ်ပြလိုက်ကာ ကျောင်းဝန်းထဲကို ဝင်လာလိုက်
တော့သည်။ အထက်တန်းကျောင်းကို  ရီယန် ကျောင်း
ကို  ပြောင်းတက်ရခြင်းက မေမေ့ဆန္ဒတခု ဖြစ်နေပြီး ၊
အောင်ချက်ရာခိုင်နှုန်းနဲ့ ပတ်သက်ပြီး  နာမည်ကြီးတဲ့
ကျောင်းမို့ အမှတ်ကောင်းကောင်းရချင်ပြီး တက္ကသိုလ်
ကောင်းကောင်းကို  ဝင်ခွင့်ရချင်တဲ့ ဆန္ဒကြောင့်ပင်ဖြစ်
သည်  ။

နေရာအသစ်အဆန်းကိုရောက်နေရတာမို့ စိတ်လှုပ်ရှား
ပြီး  သက်ပြင်းတွေ ခဏခဏချနေမိသည် ။လက်ကနာရီ
ကို  တချက်ကြည့်လိုက်ကာ  ကျောင်းသားသစ် တစ်
ယောက်အတွက်  ပထမဆုံးအတန်းချိန်မှာ နောက်ကျ
နေတာက မဖြစ်သင့်ဘူးလို့ထင်တယ် ။  ခြေလှမ်းတွေ
ကို  မြန်နိုင်သမျှ မြန်မြန်လှမ်းနေရင်း  ကျောင်းဝန်း အ
တွင်းကိုလဲ  ခေါင်းက ဘယ်ညာလှည့်ကာ စူးစမ်းမိ၏ ။

First Person For U Where stories live. Discover now