First Person For U

2.6K 452 9
                                    

မင်းက သိပ်ကို ထူးခြားတဲ့သူ တယောက်ပါ

________________________________

Chapter " Two "

" နောက်နှစ်ပါတ်အတွင်း လုပ်မဲ့ ကျောင်း အနှစ် (၅၀)
ပြည့်ပွဲကို သိထားကြတယ်မလား ၊ အဲ့အတွက် ပွဲမှာ
ဆရာတို့က ကျောင်းဂုဏ်ပြုသီချင်းကို  ဆိုပေးရမယ် "

ဒုတိယရက်မှာ  အတန်းပိုင်ဆရာ သယ်လာတဲ့ သတင်း
ဟာ သီချင်းဆိုဖို့ဖြစ်နေခဲ့သည် ။ ကျောင်းသား /သူတွေ
ရဲ့ ဟာခနဲ  ညည်းတွားသံတွေက တယောက်တပေါက်
နဲ့ လှုပ်လှုပ်ရှားရှားတွေ ဖြစ်လာသည် ။

" ပျင်းစရာကြီး  အချစ်သီချင်းဆို တော်သေးတယ် "

" ဆရာဗျာ  လုပ်လာပြန်ပြီလား  ဒီသီချင်းတွေ  "

" ငါက မင်းတို့ကို သင်ပေးရမှာကိုလဲ အားနာပေးကြဦး
မင်းတို့ချည်းပဲ  ညည်းပြမနေနဲ့ ငါ့ဖို့လဲထားကြဦး "

ဆရာရီဘင်းနဲ့ သူ့တပည့်တွေက တယောက် တလှည့်
အငြင်းအခုန်တွေ ပြောနေကြပြီး  စာသင်ခန်းက ဆူညံ
ပွတ်လောရိုက်နေတော့သည် ။ တခြား သီချင်း မဟုတ်
ဘဲ  ကျောင်းဂုဏ်ပြုသီချင်းဖြစ်နေတော့ ပိုဆိုးကြသည်။
ဆရာရီဘင်းကတော့  ဒီသီချင်းအတွက် တက်တက်ကြွ
ကြွ  ဦးဆောင်ပြီး သင်ကြားပေးဖို့ ရယ်ဒီဖြစ်နေတော့၏။

" ဒီသီချင်းအတွက် ဆရာက မင်းတို့သူငယ်ချင်း  ပတ်
ချန်းယောလ်ကို  အကူညီတောင်းထားတယ် ၊ သူ ရေး
ပေးလိမ့်မယ်  သူ့ဆီက သီချင်းရတာနဲ့ ဆရာတို့က စပြီး
သီချင်းတိုက်ကြမယ်   ချန်းယောလ် ရေ အားကိုးမယ်"

ဆရာရီဘင်းရဲ့အကြည့်နောက်ကို တထပ်ထဲ လိုက်ကြည့်
မိတော့  ကိုယ့်နဘေး နေရာမှာ ပျင်းတိပျင်းတွဲ လျော့တိ
လျော့ရဲ ထိုင်နေတဲ့  အေးစက်စက် မျက်နှာထားနဲ့ တစ်
ယောက်ကို တွေ့ရသည် ။ ဆရာရီဘင်းက ရယ်မောပြီး
အကူညီတောင်းတာကို  သူက အပြောင်းအလဲ မရှိတဲ့
အေးစက်စက်  ရေခဲမျက်နှာနဲ့ မလှုပ်မရှား ထိုင်နေ၏။

" သီချင်းအေးဆေးရေးချင်ရင် ကျောင်းဂီတခန်းကို သုံး
လို့ရတယ်နော် ၊ မြန်မြန်လေးပေးနိုင်ရင် ကောင်းတာပေါ့
ကွာ   ဆရာတို့လဲ သီချင်းမြန်မြန်တိုက်နိုင်တာပေါ့ "

First Person For U Hikayelerin yaşadığı yer. Şimdi keşfedin