First Person For U

2.3K 480 7
                                    

တွေ့ဆုံမှုတိုင်းက တိုက်ဆိုင်မှုလား ကံကြမ္မာအလိုကျလား ?

________________________________

Chapter - " Three "

အချိန်ဘယ်လောက်မှ မယူလိုက်ရတဲ့ နှစ်ရက်အတွင်း
(ကြာသာပတေးနေ့မှာ) ဆရာရီဘင်းရဲ့လက်ထဲ ရောက်
နေပြီဖြစ်တဲ့  ပတ်ချန်းယောလ် ရေးစပ်ထားတဲ့ ကျောင်း
ဂုဏ်ပြုသီချင်းက အံ့အားသင့်စရာပင် ။  အချိန် ခဏ
လေးအတွင်း  သီချင်းတပုဒ်ကို  ကောင်းကောင်းရေးစပ်
နိင်ပြီး  ဆရာရဲ့လက်ထဲကို ထည့်ပေးပြီးဖြစ်သည်။ဆရာ
ရီဘင်းကတော့   မနက်ပိုင်း  ပထမဆုံး သူ့အတန်းချိန်
မှာ သီချင်းစာရွက်တစ်ရွက်ကိုင်ပြီး  သီချင်းကို အဆင်
ပြေကြောင်းပြောနေပြီး  အရမ်းသဘောကျနေကြောင်း
ပီတိတွေ  ဝေဖြာနေတဲ့  မျက်နှာအမူအယာနဲ့ ပြောပြနေ
တော့သည် ။

" ဒီနေ့ ဂီတအချိန်ပါတယ်  နံပါတ် ငါး ဂီတချိန်မှာ ဆရာ
လာခဲ့မယ် ဒီနေ့ကစပြီး သီချင်းတိုက်ကြမယ်နော် ။ဆရာ့
လက်ထဲကို  သီချင်းစာရွက်က ရောက်နေပြီ တော်တော်
လေးကောင်းတဲ့  စာသားတွေ   မင်းတို့လဲ သဘောကျ
ကြမှာ ကျိမ်းသေပေါက်ပဲ  မယုံမရှိနဲ့ ငါ့တပည့် ပတ်ချန်း
ယောလ်က အတန်းသာလစ်ရင်လစ်မယ်  ဒီလိုနေရာမျိုး
မှာတော့   လုံးဝဆရာတဆူပဲ    "

တဖြောင်းဖြောင်း  ဆရာ့လက်ခုပ်သံနဲ့ ချီးကျူးစကား
ကြောင့်   ကျောင်းသား/သူတွေကလဲ  တဝိုးဝိုးနဲ့ တအံ့
တသြ သူ့ကို  ကြည့်လာကြပေမဲ့  နူတ်ခမ်းတချက် တွန့်
သွားရုံသာ  ပြုံးသည် ။  သူ့အပေါင်းအပါတွေက သူ့နာ
မည်ခေါ်ပြီး  အော်သံဟစ်သံ  စနောက်သံတွေကြောင့်
ဒီလိုတချက်  ပြုံးလိုက်တာဖြစ်သည် ။

" ဂီတချိန်မှာလဲ  အခုလိုလူစုံနေတာကို လိုချင်တယ်နော်
အတန်းလစ်တဲ့သူကို  ရုံးခန်းထဲမှာ ပိတ်ပြီး  ခံဝန်ကတိ
ရေးရမယ် ဂုတ်ကနေဆွဲခေါ်သွားမှာ  မင်းတို့ကောင်
တွေကို  ပြေးရဲတဲ့ကောင် ပြေးကြည့်စမ်း  "

ဆရာရီဘင်းက လက်ထဲကတုတ်ကို  စားပွဲပေါ် ခပ်ပြင်း
ပြင်းရိုက်  အသံပေးကာ  ပထမဆုံး စာသင်ချိန်ကို စတင်
သည်  ။  ပျင်းတိပျင်းတွဲနဲ့ စာစိတ်မဝင်စားတဲ့ ကျောင်း
သား  ပတ်ချန်းယောလ်ကတော့ ဆရာရီဘင်းရဲ့ အတန်း
ချိန်ပြီးတာနဲ့ အတန်းထဲက ထွက်တော့သည် ။ လွယ်
အိတ်ကို  ပုခုံးပေါ်တင်ကာ အပေါင်းအပါတွေနဲ့အတူ
စာသင်ခန်းထဲက ထွက်သွားတဲ့  ချန်းယောလ်ကို မင်
ဆော့ကတော့   တီးတိုဝေဖန်တော့သည် ။

First Person For U Where stories live. Discover now