ကိုယ့်ဘဝထဲ မင်းဝင်ရောက်လာထဲက ကိုယ်က ကံ
အကောင်းဆုံးလူသားတယောက် ဖြစ်လာခဲ့တယ် ။________________________________
Chapter - Seven
" ဒီနေ့ည ၇နာရီ ဆရာတို့တွေ စာကျက်ဝိုင်း စကြမယ်
အားလုံး လူစုံလာရမယ်နော် မမေ့ကြနဲ့ဦး "ဆရာရီဘင်း၏ သတိပေးစကားကြောင့် ခေါင်းညိတ်
ထောက်ခံသူက ထောက်ခံ ၊ ညည်းတွားသူက ညည်း
တွား ၊ မျက်နှာရှုံ့ မဲ့သူက မဲ့နှင့် မျိုးစုံသော ပုံစံတွေ
သရုပ်ဖော်ကုန်ကြသည် ။ အစမ်းစာမေးပွဲ နီးလာပြီမို့
ရောရီဘင်းကတော့ စာကျက်ဝိုင်းကိုသာ အာရုံစိုက်ပြီး
အထူးဂရုစိုက်တော့မည် ။ ကျောင်းပွဲကလဲ ပြီးသွားခဲ့ပြီ
မို့ အပျော်အပါးကိစ္စတွေကို တခန်းရပ်ခဲ့ကာ ကျောင်းစာ
ကိုသာ အာရုံစိုက်ရတော့မည် ။ တပါတ်မှာ နှစ်ရက်သာ
ရှိတဲ့ စာကျက်ဝိုင်းကို ပုံမှန်လာစေဖို့ရာ အဖွဲ့ခေါင်း
ဆောင်ခန့်ပြီး အမှတ်လျော့တဲ့ အပြစ်ပေးစနစ်ကိုပါ
လုပ်ထားတော့ မလာပဲနေရဲတဲ့ ကျောင်းသား / သူ
ဆိုတာ ရှိလောက်မှာ မဟုတ်ချေ ။" ဒီည ပတ်ချန်းယောလ် လာမှာတဲ့လား ဘယ်လိုလုပ်
ကြမလဲ ပြောထားမယ်နော် ငါတော့နိုးပဲနော် "" ငါလဲ နိုးပဲနော် သူ့ကို စကားမပြောရဲဘူး "
စာကျက်ဝိုင်းအဖွဲ့ထဲပါတဲ့ ဆယ်နာ နဲ့ ဂျင်ဟီး မိန်းက
လေး နှစ်ယောက်က တဖက်က ပတ်ချန်းယောလ်ကို မ
သိမသာ မျက်စပစ်ပြရင်း လက်တခါခါ လုပ်ပြသည် ။
ဒီကိစ္စနဲ့ပတ်သက်ပြီး မျက်နှာကြောမလျော့တဲ့ မင်ဆော့
ကတော့ အကြည့်စူးစူးတွေနဲ့ ချန်းယောလ်ကိုကြည့်၏။
တဖက်က ချန်းယောလ်ကတော့ နောက် စာသင်ချိန်မှာ
ဘောလုံးသွားကန်ဖို့ လက်ထဲက ဘောလုံးကာ ပင့်ကာ
မြှောက်ကာ ကစားနေရင်း သူ့အပေါင်းအသင်းတွေနဲ့
ရယ်မောနေသည် ။" ခဏနေရင် ကျောင်းဘောလုံးပွဲ ရှိတယ် သွားကြည့်
ကြမလား ဘယ်ကျောင်းနဲ့ကန်ရမှာလဲမသိဘူး "" သွားကြည့်မယ်လေ နောက်စာသင်ချိန်က အားတာပဲ
ကို တူတူသွားကြမယ် ခေါ်ဦး ဆယ်နာ "
YOU ARE READING
First Person For U
FanfictionNo One Can Change A Person, But Someone Can Be A Person's Reason To Change.