First Person For U

2.1K 450 18
                                    


ချစ်ခြင်းက နူးနူးညံ့ညံ့နဲ့တလှပ်လှပ် ရင်တွေခုန်စေတယ်

________________________________

ကျွန်တော့်အတွက်  မွေးဖွားခဲ့ပြီး ရှင်သန်လာရာ တ
လျှောက်  ၁၆နှစ်တိတိမှာ  လူတယောက်ကို စချစ်မိခဲ့
တယ်  ။  ကျွန်တော့်အတွက် ပထမဦးဆုံးသော အချစ်ဦး
ဖြစ်တဲ့  အဲ့ဒီလူသားကို  ကျွန်တော် သိပ်ကိုမြတ်နိုးသည်။
ဆယ်ကျော်သက်အရွယ်  အချစ်ဆိုတာကို စသိလိုက်ချိန်
ပထမဆုံး  ခံစားမိတာက ကျွန်တော်  ရင်တွေခုန်နေခဲ့
တယ်ဆိုတာကိုပဲ  ။ ထပ်ပြီး သတိထားမိလိုက်တာက
အဲ့ဒီလူကို  မတွေ့ရမနေနိုင်  လိုက်,လိုက်ပြီး မသိမသာ
ကြည့်နေမိတတ်ပြန်သည်  ။

အချစ်က ထူးဆန်းသည် ။  အမှတ်မထင် အကြည့်ချင်း
ဆုံမိခဲ့တဲ့  လူတယောက်ကို  နောက် ငါးရက်လောက်
အကြာမှာ  ကျွန်တော်  ချစ်မိသွားသည် ။ ပိုထူးဆန်းတာ
က ခပ်ဆိုးဆိုးအကျင့်တွေကို  သဘောမကျတတ်တဲ့
ကျွန်တော်က အဲ့ဒီသူကိုတော့  ခပ်ဆိုးဆိုးအကျင့်တွေရှိ
မှန်း  သိလျှက်နှင့်  ချစ်မိသွားခဲ့သည် ။  " မင်း ဆိုတာ
မှားနေတယ်  ပထမစာကြောင်းထဲက " ဆိုတဲ့ သူ့စကား
နောက်မှာ  ကျွန်တော်  အကြီးအကျယ်  ကြွေကျသွားခဲ့
မိတာလားလို့ တွေးကြည့်မိရင်း  ရှက်မိသည် ။

အချစ်က ချစ်မိသွားခဲ့ရင် လူကို စုံလုံးကန်းစေခဲ့သည် ။

ဟုတ်သည် ။  အချစ်က လူတွေဆီကို မသိမပေး အမှတ်
မထင်ဘဲ ဝင်ရောက်လာတတ်သည် ။ အမှတ်မထင် အ
ကြည့်ချင်းဆုံမိခဲ့တဲ့လူတွေကိုလဲ  ချစ်မိသွားအောင် လုပ်
ပေးခဲ့သည် ။   သူငယ်ချင်းဆိုတဲ့ စည်းတွေခြားထားတဲ့
လူတွေကိုလဲ  ချစ်မိသွားအောင်  လုပ်ခဲ့ပြန်သည် ။ ယုတ်
စွအဆုံး  အသံလေးကြားရုံ ၊နာမည်လေးကြားရုံ ၊နောက်
ကျောလေး မြင်ရုံနဲ့လဲ  ချစ်မိသွားစေခဲ့သည်  ။

ဘယ်အချိန်မှာ  အချစ်ဦးကို  စတင်တွေ့ခဲ့ကြသလဲ  ?

အချစ်က ခင်ဗျားတို့ကို  ဝမ်းနည်း နာကျင်အောင်ကော
လုပ်ခဲ့သေးလား ။ ပင်ပန်းခက်ခဲပြီး  မျက်ရည်ကျအောင်
လဲ လုပ်ခဲ့သေးလား ။ ပျော်ရွှင်အောင်လဲထားခဲ့သလား။
လူတိုင်းကတော့  အချစ်နဲ့ပတ်သက်ပြီး  ကံကောင်းချင်
တဲ့လူတွေပဲ  ဖြစ်ချင်ကြလိမ့်မယ်လို့ ထင်သည် ။ အင်း!
မချစ်ဖူးတဲ့သူလဲ  လောကကြီးမှာ မရှိလောက်ပါဘူး ။

First Person For U Where stories live. Discover now