First Person For U

3.7K 512 40
                                    


ဒီနေ့တနေ့လုံး   ကျောင်းမသွားဘဲ သီချင်းလေ့ကျင့်လေ့
ရှိတဲ့  အခန်းထဲမှာပဲ  တယောက်ထဲ  သီချင်းရေးနေ
လိုက်သည်  ။  သီချင်းတွေ ဖန်တီးနေရတာကမှ သူ့
ဘဝကြီးအတွက်  အဓိပ္ပါယ်ရှိနေသေးသည် ။ မမ ဖုန်း
ဆက်တာတောင်  ကျောင်းမှာလို့ ပြောလိုက်ပြီး ဖုန်းချ
ပစ်လိုက်သည်  ။  တနေ့ သုံးလေးခါလောက် ဝင်ဝင်လာ
တတ်တဲ့  ဖုန်းနံပါတ်အစိမ်းတွေကို လစ်လျူရှူထားရ
သေးသည် ။ ချန်းယောလ်အတွက်  ဒါမျိုးတွေက နော
ကျေနေနှင့်ပြီးသား  ။  ဘားပိုင်ရှင်  အကိုဆီမှာ သူ့ဖုန်း
နံပါတ်တွေ  တောင်းတောင်းသွားကြပြီး  ဖုန်းခေါ်လိုက်၊
စာပို့လိုက်  လုပ်တတ်ကြသည်က တက္ကသိုလ်က အမ
ကြီးတွေပင်  ။  တခါတရံ  အပေါင်းအသင်းကောင်တွေ
က စစနောက်နောက်နဲ့ ချစ်ရတဲ့သူရှိက အဝေးရောက်
နေတာကြောင့်ဆိုတဲ့  ပုံပြင်တွေဖန်တီး မဟုတ်တမ်း
ပြောထားတတ်ကြသေးသည် ။

လက်ရှိမှာတော့   အခုထက်ထိပင်  သူ့ဘဝထဲကို ဘယ်
မိန်းကလေးမှ  ဝင်ရောက်လာဖူးခြင်းမရှိသေးဘူး ။

စီးကရက်ဘူးထဲက စီးကရက်တလိပ်ထုတ်ပြီး မီးညှိ
လိုက်ကာ  အပြင်ဝရံတာကိုထွက် ဆေးလိပ် သောက်
ဖြစ်သွားသည် ။ တကယ်တမ်းက အခန်းထဲမှာ ထားတဲ့
စီးကရက်ဘူးကို  မေမေက တွေ့သွားပြီး ပြသာနာတက်
ခဲ့သည် ။ အထက်တန်းကျောင်းသားအရွယ် ဆေးလိပ်
သောက်တော့  မေမေက ယူကြုံးမရဖြစ်ပြီး  ငိုသည် ။
အိမ်အပြန်နောက်ကျတတ်တဲ့  ဖေဖေတော့ မသိထား
ပေမဲ့  မေမေငိုတဲ့အချိန်မှာ မမလဲရှိနေသည် ။ မှုတ်
ထုတ်လိုက်တဲ့  စီးကရက်အငွေ့တွေကို ကြည့်ပြီး ချန်း
ယောလ်   ရယ်တယ် ။  သီချင်းဆိုတာ မကြိုက် ၊ တား
မြစ်ကြိမ်းမောင်းတတ်တဲ့  ဖေဖေ့ကို  ကလန်ကဆန်လုပ်
ဆန္ဒပြရင်း  စီးကရက်ကို စွဲသွားတော့တာပဲ ။ ဘားတွေ
မှာ  သီချင်းဆိုသေးတော့ သောက်လဲသောက်တတ်တာ
ပေါ့  ။ ဒီကိစ္စတွေသာ မေမေသိရင်  ပျက်စီးနေတဲ့ သူ့
သားလေးဆိုပြီး  ဘယ်လောက်များ  ငိုလိုက်လိမ့်မလဲ ။
ချော့တလှည့်  ခြောက်တလှည့် ဆူပူနေတတ်တဲ့ မမကို
ကြည့်ပြီးလဲ  ရယ်ချင်သည် ။ ဒီမောင်ငယ်ကို သူ ဘယ်
တုန်းကများ  အနိုင်ရဖူးလို့လဲ ။

You've reached the end of published parts.

⏰ Last updated: Dec 27, 2019 ⏰

Add this story to your Library to get notified about new parts!

First Person For U Where stories live. Discover now