Part 1

4.7K 259 10
                                    

(Zawgyi)

မိုးရာသီဟာ တွေ့ဆုံမှုရဲ့ ပထမအစလေးပေါ့။
ကျွန်တော်နဲ့ထိုကောင်လေးရဲ့ ဇာတ်လမ်းအကြောင်း
ခင်ဗျားတို့ကို ပြောပြမယ်...။ ☔

•••••The Guest•••••

ရာသီဥတုႀကီးက မႈန္ပ်ပ်.....
မိုးဥတုဖြစ်တာမို့မိုးဖွဲများက လိမ့်ဆင်းလာသည်။
မိုးရွာမှာကိုမုန်းသည်။ မိုးချိန်းမှာကိုမကြိုက်။
သို့သော် ဆုတောင်းသလိုဖြစ်မလာပါ။
မိုးဖွဲများကနေ သဲကြီးမဲကြီး ရွာချလေတော့သည်။

သူများတွေဟာမိုးရွာလျှင် ကော်ဖီလေးသောက်ကာ သီချင်းနားထောင်ရင်း အပန်းဖြေကြသည်။ သူ့အတွက်ကတော့ မိုးစက်တွေ ဖြိုးဖြိုးဖျဖျ ရွာသွန်းနေပုံကိုကြည့်ခြင်းဖြင့် ဘာမှန်းမသိသော တစ်ခုခုကို လွမ်းဆွတ်ရသည်။ ကိုယ့်ကိုကိုယ်လည်း တစ်နေရာကစူးနင့်နေအောင် နာကျင်ရတယ်။

ဘာလို့လဲ......ဘာကြောင့်ဆိုတာ သူအဖြေရှာမရဘူး။

ကျောင်းပြီးတာမကြာသေးသောကြောင့် ဝါသနာပါသော တယောထိုးပညာနဲ့ဘဲ အလုပ်အတည်မရခင်ထိ ဟိုဟိုဒီဒီ သွားလာခဲ့တယ်။ မွေးနေ့ပွဲတွင် တယောတီးပေးပြီး အပြန်တွင် အချိန်အခါမဟုတ် မိုးရွာချလာသည်။

တယောအိတ်ကိုကျောတွင်လွယ်ရင်း ဘောင်းဘီအိတ်လက်နှိုက်ကာ ထီးဆောင်းပြီး အိမ်သို့ပြန်လာခဲ့သည်။ ညနေရုံးဆင်းချိန်မို့ မိုးရေထဲပြေးလွှားကာ အိမ်သို့ပြန်နေကြသူများလည်း တွေ့ရသည်။

ရုံးဆင်းချိန် ကားကြပ်သောကြောင့် အိမ်သို့လမ်းလျှောက်၍သာ ပြန်လာခဲ့သည်။ ကားလမ်းကူးရန် မီးစိမ်းကိုစောင့်နေစဉ် အမှတ်မထင် တွေ့လိုက်ရသည်။ တစ်ဖက်လမ်းမှ သူ့ကိုကြည့်နေသောကောင်လေးတစ်ယောက်။ ထီးမပါဘဲ မိုးရေထဲတွင်မတ်တပ်ရပ်နေသည်။ သူ့ကိုလည်း ပြုံးပြနေသည်။

ကားများဖြတ်သွားနေသည်မို့ သိပ်တော့မသဲကွဲ။ မီးစိမ်းသွားချိန်တွင် ဖြတ်သန်းနေသောကားများ ရပ်ပေးကြသည်။ လူကူးမျဉ်းကြားတစ်လျှောက် လျှောက်လာချိန်တွင် ထိုကောင်လေးကိုမတွေ့ရတော့။ ထိုနေရာတွင်လည်းမရှိတော့ပေ။

The Guest (Completed) Where stories live. Discover now