Part 9

1K 144 13
                                    

(Zawgyi)

"Jungkook သက်သာရဲ့လား"

ကုတင်ပေါ်တွင် oxygen ပိုက်နှင့် လဲလျောင်းနေသော Jungkook ဆေးအရှိန်ကြောင့် ခုမှသတိရလာလေသည်။ ရုတ်တရက် အသက်ရူကြပ်လာသောကြောင့် အရေးပေါ်ကယ်ဆယ်မှုအပြီး စိတ်ချရသည်လို့တော့ပြောသည်။ သို့သော် နှုတ်ခမ်းတို့က ဖျော့တော့နေဆဲ။

"အင်း ဘာမှမဖြစ်တော့ဘူး"

ဟုဆိုကာ ချက်ချင်းကောက်ထရန် အားယူလေသည်။

"မထနဲ့ဦး Jungkook ရဲ့။ အိပ်နေဦး။"

သူစိုးရိမ်မှာစိုးသောကြောင့်ချက်ချင်းကောက်ထ,နေသည်။ Hoseok ပြောလိုက်မှဘဲနားထောင်ကာ ပြန်လှဲအိပ်တော့သည်။

"ကျွန်တော်အဆင်ပြေပါတယ်။ ဒါနဲ့ Seokie ကော အဆင်သင့်ဖြစ်ပြီလား။ သန်ဘက်ခါပြိုင်ပွဲစပြီ"

"ကိုယ့်ကို စိတ်မပူနဲ့။ Jungkook သာမြန်မြန်နေကောင်းအောင်လုပ်။"

"အင်း ကျွန်တော်လေ Seokie ပြိုင်တဲ့နေ့ Seokie တီးတာကို လာနားထောင်ချင်တာ"

"နားထောင်ရမှာပေါ့။ ဒါကြောင့်သက်သာအောင်လုပ်နော်။"

ကောင်လေးအား အားပေးစကားပြောနေမိသည်။ အမြန်သက်သာစေလိုသောကြောင့်လည်း ဆုတောင်းပေးနေမိသည်။

နောက်ပြီး ကောင်လေးကိုလည်း ချစ်နေမိပြီ။
ဒါကြောင့် ကောင်လေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက်ဆုံးဖြတ်လိုက်လေတော့သည်။ Jungkook ကိုတော့ ချစ်နေတဲ့အကြောင်းမပြောခဲ့။ တမင်မပြောခဲ့ခြင်းသာ။ နောက်နေကောင်းမှ အေးဆေးချစ်ခွင့်ပန်မည်။

တင်းတောင်~~~~~

"Hoseok! "

တံခါးဖွင့်ဖွင့်ခြင်းမြင်လိုက်ရတဲ့သူကြောင့် သူမ အံ့ဩသွားရသည်။ မလာစဖူး ဆိုင်းမဆင့်ဘုံမဆင့် ရောက်ချလာသော Jung Hoseok။

"အန်တီ ကျွန်တော်တောင်းဆိုစရာ တစ်ခုရှိတယ်"

အစ်မဆုံးပြီးကတည်းက အနေအေးသွားတဲ့ကောင်လေးက သူ့ဆီသို့ အရင်လိုပုံစံမျိုးဖြင့် ပြန်ရောက်လာခဲ့တယ်။ တစ်ခုခုကိုလုပ်ရန် ဆုံးဖြတ်ချက် သေချာချထားပုံက စူးရဲလှသော မျက်ဝန်းကျယ်တို့က သက်သေပင်။

The Guest (Completed) Where stories live. Discover now