Part 5

1.1K 162 2
                                    

(Zawgyi)

နှစ်ပတ်ကြာပြီးနောက်....

တကယ့်ပွဲနေ့သို့ရောက်ရှိလာခဲ့သည်။

Hoseok ကတော့ စင်အနောက်တွင် ဖျော်ဖြေဖို့အတွက်ပြင်ဆင်နေရသည်။

Hoseokတော့မသိပေမယ့် အပြင်မှာစောင့်နေတဲ့သူတွေအဖို့တော့စိုးရိမ်နေကြသည်။ Seokieအဆင်မှပြေပါ့မလား။  တစ်ခုခုဆို တွေးပူတတ်တဲ့အကြောင်းသူသာအသိဆုံး။ မဖြစ်သေးတာကို တွေးပူနေပြီး စိုးထိတ်နေတတ်တာ။

မဖြစ်သေးပါ။ သွားကြည့်ဦးမှပါလေဟုဆုံးဖြတ်ပြီး တာဝန်ရှိသူမှအပမဝင်ရသော ပြိုင်ပွဲဝင်များနားနေခန်းသို့ Jungkook တစ်ယောက် ခိုးဝင်တော့လေသည်။

နားနေခန်းတံခါးကိုအသာလေး ဆွဲဖွင့်ကာ ချောင်းကြည့်လိုက်သည်။ အထဲတွင် ကိုယ်စီ စာရွက်ကိုကြည့်ကာ ကိုယ့်အလှည့်အတွက်ပြင်ဆင်နေကြသည်။ ဒါပေမယ့် Seokie ကတော့ ဒေါင့်ကျကျနေရာတွင် ထိုင်နေလေသည်။

"Seokie...."

အနားသို့သွားကာ တိုးတိုးလေးခေါ်လိုက်တော့ ခေါင်းမော့လာလေသည်။

"Ju...Jungkook.!ဒီကို ဘယ်လို"

အံ့ဩသွားမှန်းသိသာသည်။

"ရှူး တိုးတိုး ကျွန်တော်ခိုးလာတာ hehe စင်ပေါ်မတတ်ခင် Seokie ကိုတွေ့ချင်လို့"

Hoseok ကတော့ဘာမှတော့မပြောဘဲ ပြန်သာပြုံးပြသည်။ အဲ့လိုမြိုသိပ်ထားတတ်တာကို အားမရတာ Seokie ရယ်။

"Seokie.. "

ဟုဆိုကာ မျက်လုံးချင်းဆုံစေလိုက်တယ်။

"တကယ် အဆင်ကောပြေရဲ့လား။ မပြေရင်လည်းရတယ်။ နောက်မကျသေးဘူး။ "

Jungkook မျက်လုံးတွေနဲ့ဆုံလိုက်မိချိန်မှာ ကိုယ့်အတွက် စိုးရိမ်နေတဲ့အငွေ့အသက်တွေကို Hoseok ခံစားရသည်။သူတစ်အားဘဲ ပျော့ညံ့တဲ့သူဖြစ်နေပြီလား။ ပွဲနေ့မရောက်ခင်က မျှော်လင့်တဲ့အကြည့်တွေက စင်ပေါ်မတတ်ခင်အချိန်မှာ စိုးရိမ်မှုတွေအဖြစ်ပြောင်းလဲသွားသည်။

"ရတယ် Jungkook။ ကိုယ်အဆင်ပြေတယ်။ ကိုယ့်အတွက်စိတ်ပူပေးလို့ကျေးဇူးဘဲ"

ထိုအခါမှ Jungkook နှုတ်ခမ်းထက်ပြုံးသွားလေတယ်။ Seokie ရဲ့စိတ်တွေ အနည်းအကျဉ်းတော့ ရဲရင့်လာခဲ့ပြီ။ Hoseok မျက်လုံးထဲမှာ သူ့ကိုစိတ်မပျက်စေဖို့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေ မြင်နေရသည်။

The Guest (Completed) Donde viven las historias. Descúbrelo ahora