Part 6

1K 150 14
                                    

(Zawgyi)

စိတ်ခံစားချက်အမျိုးမျိုးကို အခုဆို Hoseok ကြုံတွေ့ခဲ့ပြီး လေပြီ။ ထို့ပြင် သူ့ကို အမြဲတမ်း အနားမှာအားပေးနေမယ့် အဖော် သုံးယောက်လည်းရှိနေပြီ။ ထိုအလုပ် ထင်သလောက်မလွယ်ကူတာ နားလည်သည်။ သူ့လို စိတ်အတတ်အကျမြန်တဲ့သူဆို ပိုဆိုးမည်။ ဒါပေမယ့် သူ့သူငယ်ချင်းတွေ တကယ်တော်ကြပါတယ်။ အဲ့အထဲမှာစိတ်အရှည်ဆုံးက Jungkook ပင်။ ဟိုနှစ်ယောက်ထက် သိကျွမ်းတာသိပ်မကြာပေမယ့် သူ့အပေါ် ပိုပြီးအနစ်နာခံသည်။ ဒါက သူအတွက်စဉ်းစားစရာအချက်တစ်ချက်ပေါ့။

Hoseok လည်း သူ့အဒေါ်အိမ်ကအပြန် ကျောင်းရှေ့ကဖြတ်လျှောက်မိရင်း ရင်းနှီးနေသော တစ်စုံတစ်ယောက်ကိုတွေ့သည်။ ညဘက်မို့ မှောင်မဲနေသော ကျောင်းတံခါးအား ခိုးကြောင်ခိုးဝှက်ခွကျော်နေတဲ့ Jungkook ပင်။ သူ့အာရုံနဲ့သူမို့ ကိုယ့်ကိုတောင်သတိမထားမိ။ ကျောင်းဝင်းထဲသို့ ခုန်ကျော်ကာ ဝင်ရောက်သွားလေသည်။

ဒါကိုတွေ့တော့ Hoseok တစ်ယောက် လိုက်ရမလို မလိုက်ရမလို။ ဘာကြောင့်လည်း သိချင်တာကြောင့် လိုက်လည်းလိုက်ချင်သည်။ သို့သော် လုံခြုံရေးမိမှာလည်း ကြောက်သည်။ထို့ကြောင့်ဘဲ ကျောင်းခြံတံခါးအား ခွကျော်ကာ သူလည်းဘဲ လိုက်သွားခဲ့သည်။ သိချင်စိတ်က ကြောက်တဲ့စိတ်ထက် ပိုပြီး အလေးသာနေခဲ့သည်။

မှောင်မဲကာ တိတ်ဆိတ်နေပြီး အသံသေးသေးလေးကအစ ကြားရလို့ Jungkook ကိုရှာတွေ့ခဲ့သည်။ ဖုန်းမီးမှိန်မှိန်လေးကို ဖွင့်ကာ တစ်ခုခုကိုတော့ရှာနေသည်။ တစ်ခုခုများကျန်ခဲ့လို့လား။ ကူညီပေးနိုင်ရှိရင်ရအောင် အနားသို့တိုးကပ်သွားလိုက်သည်။

"Jungkook ....."

အတိုးဆုံးအသံနဲ့ခေါ်လိုက်တော့ မီးရောင်ကြီးသူ့ဘက်ထိုးကာလှည့်လာသည်။

ဖုန်းမီးကြောင့် Hoseok ဟာ ရုတ်တရက်မြင်လိုက်သူအဖို့ လန့်သွားစေနိုင်လောက်သည်။

"အား..!.သ...သ.ရဲ"

ဖုန်းလွတ်ကျကာ အနောက်သို့ ဖင်ထိုင်ရက်ပြုတ်ကျတော့သည်။

"အဲ့နားက ဘယ်သူလဲ "

ဖြတ်သွားသော တာဝန်ကျလုံခြုံရေးက သူတို့ဘက်မီးထိုးလာတော့ Jungkook ကိုဆွဲကာ နီးစပ်ရာအခန်းထဲပြေးဝင်ရတော့သည်။

The Guest (Completed) Where stories live. Discover now