Part 8

1K 149 4
                                    

(Zawgyi)

"Kookie ဒီနေ့ကျောင်းမလာဘူးတဲ့"

ထမင်းစားနားချိန် Sohee ပြောသောကြောင့် Hoseok မှာ ဂနာမငြိမ်ဖြစ်ရသည်။ နေများမကောင်းလို့လား။ ဟိုတစ်နေ့က ခရီးမှာဘဲ အအေးမိလို့လား။

"ညနေ Jungkook အိမ်သွားကြည့်ကြမလား"

Yoongi လည်းဘဲ Hoseok စိုးရိမ်သည်ကို ရိပ်မိသောကြောင့် အကြံပေးလိုက်သည်။

"အင်း ဒါဆို ညနေကျောင်းဆင်းရင်သွားကြရအောင်"

အားလုံးတိုင်ပင်ကာ ကိုယ်စီ သက်ဆိုင်ရာ အခန်းသို့ ဝင်သွားကြတော့သည်။

"ယနေ့ဆိုင်ပိတ်သည်။"

Jungkook တို့ ဖွင့်ထားသော ပန်းဆိုင်အပြင်တစ်အိမ်လုံးလည်းမှောင်မဲနေသည်။ အပြင်များသွားကြလား။ တစ်ခုခုဘဲဖြစ်လို့လား။ Jungkook ကလည်း အဆက်အသွယ်မလုပ်ပေ။

"Hoseok ရေ မင်း Jungkook ကိုဖုန်းဆက်ကြည့်ပါလား။"

Yoongiကပြောတော့မှာဘဲ ဖုန်းဆက်မိလိုက်သည်။ အတော်ကြာမကိုင်သေး။

"Hello"

"ဟုတ်ကဲ့။ Jungkook နဲ့ပြောချင်လို့ပါ"

"Hoseok လေးလား။ ဦးလေးပါ"

"ဟုတ်ကဲ့ Jungkook ရှိလားမသိဘူးဗျ"

"သားလေးက ဆေးရုံရောက်နေတယ်"

"ဗျာ...."

အမြင်အာရုံ တွေဝေဝါးလာရပါသည်။ Jungkook အဆင်များပြေပါ့မလား။ ကြီးကြီးမားမား မဖြစ်စေနဲ့လို့သာဆုတောင်းနေတော့သည်။

Hoseok တစ်ညလုံးအိပ်မရပါ။ ဟိုဘက်လှိမ့် ဒီဘက်လှိမ့် နဲ့ဘဲ Jungkook ကိုစိုးရိမ်စိတ်နဲ့ အိပ်မပျော်ခဲ့။ အကြောင်းသိသိချင်း ချက်ချင်း သွားမယ်လုပ်တော့ Jungkook အဖေက အဆင်ပြေပြီမို့ မနက်မှလာခဲ့ဟုပြောသောကြောင့် မတတ်သာခဲ့။ သူလည်းဘာကြောင့် ဒီလိုအသည်းအသန်ဖြစ်နေလဲတော့လည်း ကိုယ့်ကိုကိုယ် မသိ။ Jungkook အကြောင်းကြားတုန်းက ရင်ထဲ ထိတ်ခနဲ ပူလောင်လာရသည်။ ဘာတွေများဖြစ်နေတာလဲ။

သည်နေ့မှာ Hoseok အတွက် ညတာဟာပို၍ပင်ရှည်နေသလို။ အတွေးများစွာနဲ့ မျက်လုံးတို့ကိုမှိတ်ချကာ အိပ်ပျော်အောင် အိပ်ချလိုက်သည်။

The Guest (Completed) Wo Geschichten leben. Entdecke jetzt