Part 7

1K 150 0
                                    

(Zawgyi)

ဂျယ်ဂျူဒိုကျွန်း

တောင်ကိုရီးယားနိုင်ငံ အထင်ရှားဆုံးနဲ့ လူသိများတဲ့ကျွန်းလို့ပြောလို့ရသည်။ ငါးမျိုးစုံအပြင် ပုစွန်၊ ဂဏန်းစတဲ့ပင်လယ်စာ မျိုးစုံကိုပါ ချက်ချင်း လတ်လတ်ဆတ်ဆတ် စားသုံးနိုင်တာ ထူးခြားချက်တစ်ခုပေါ့။ ကမ်းခြေဘေး စားသောက်ဆိုင်လေးများတွင် ချက်ချင်းဖမ်းလာသော ပင်လယ်စာများကို ရွေးချယ်ကာ ဆိုဂျူနဲ့စားရတာကလည်း ဘာနဲ့မှမလဲနိုင်တဲ့ အရသာတစ်မျိုးပါဘဲ။ ကမ်းခြေအလှကိုကြည့်ရင်း လေကောင်းလေသန့်ရှူလို့ရသည်။ ဒါ့အပြင် ညနေစောင်း တစ်ဝက်တည်းပေါ်နေသော ပုစွန်ဆီရောင် နေလုံးကြီးနှင့် စင်ရော်ငှက်လေးများ ကောင်းကင်တွင် ပျံသန်းနေပုံက ပြီးပြည့်စုံလှတဲ့ ပန်းချီကားတစ်ချပ်ပါပင်။

ထိုသဘာဝကပေးထားသော အလှတရားတို့နဲ့ ပြည့်နေသောနေရာသို့ Hoseok တို့သူငယ်ချင်းအဖွဲ့ရောက်ရှိလာခဲ့ကြသည်။

"Wow!!! ကြည့်ပါဦးလှလိုက်တာ။ နေရာရွေးတာမှန်သွားပြီ။"

ကားဆိုက်ရောက်ချင်း ကမ်းခြေဘက်သို့ ပြေးကာ ခြေဆော့ကစားနေပါသော အငယ်ဆုံးလေး။

"Kookie ချက်ချင်းရေထဲမဆင်းနဲ့ဦး။ အပူရှပ်မယ် ခဏနားဦး။"

Hoseok တို့ကတော့ ကားပေါ်ကအထုတ်တို့ကိုချရင်းနဲ့ဘဲ အလုပ်ရှုပ်နေကြသည်။ သို့သော် သိသာတာကတော့ သူတို့ရဲ့ Jungkook လေးအရင်နဲ့မတူအောင် တအားကိုပျော်နေတော့သည်။ သုံးညအိပ်လေးရက် ခရီးမို့ အထုပ်တွေက ထုထည်နည်းနည်းကြီးသည်။ Yoongi ကလွဲ၍ ကျန်သူတွေက အထုတ်တစ်ထုတ်ထက်ပိုပါကြသည်။ ကျောင်းသားတွေဖြစ်တဲ့အတွက် ချွေတာတဲ့အနေနဲ့ နေစရာအစား ကိုယ်ပိုင်ရွက်ဖျင်တဲတွေ ယူလာကြသည်။

လေဒဏ်ခံနိုင်သော ကျောက်ဆောင်ကွယ်တဲ့နေရာကောင်းတစ်နေရာတွင် နေရာချကာ ညနေစားဖို့အတွက်ပြင်ဆင်ကြတော့သည်။

"အားလုံးဘဲ ပြီးရင် စားဖို့အတွက်ဈေးသွားကြမယ်နော်"

တတ်ကြွနေတဲ့ Sohee က အရင်ဆော်ဩလိုက်သည်။ Yoongi နဲ့ Hoseok က ယူလာသော အကင်စက်တို့ အရန်စားစရာတို့ကို နေရာချနေလေသည်။

The Guest (Completed) Hikayelerin yaşadığı yer. Şimdi keşfedin