Part_2

8.4K 761 20
                                    

Zawgyi

"ကျွန်တော့်တူ Byun baekhyunပါ"

အုပ်ချူပ်ရေးမှူးchenစကားကြောင့် ကျွန်တော်က
အံသြသွားပေမဲ့ hyungက ဘာမှမဖြစ်သလိုသဘောတကျ ထ,ရယ်သည်။

"ဟားဟား baekhyunက ဘာပြသနာရှာပြန်
ပြီလဲကွ"

ဒီတော့ အုပ်ချူပ်ရေးမှူးChenက မျက်နှာရှုံ့ မဲ့ကာ

"ကျွန်တော်ခြံထဲက ဖရဲသီးတွေကို ရွာထဲက ကလေး
တစ်သိုက်နဲ့လာမ,သွားတာပါ ဆရာ
သူတို့ဗိုက်ဝရုံစားသွားရင် ကျွန်တော်ဒီလောက်ဒေါသ
မထွက်ပါဘူး အခုဟာက တစ်ရွာလုံးကို ဖရဲသီး
တွေ လိုက်ဝေပေးနေတာပါ

အမေက ဘာမှမပြောပေမဲ့
ကျွန်တော်တို့မှာ ဒါလေးပဲ စိုက်ပျိုးစားရနေရတာ
သူ့တက္ကသိုလ်တက်နိုင်ဖို့လည်း ဒီထဲကပဲစုနေရတာ

ဟိုတလောကလည်း ပြောင်းဖူးတွေလိုက်ဝေပေးနေလို့
ဆူထားပေမဲ့ မမှတ်လို့ မှတ်သွားအောင်လာတိုင်တာပါ

သူ့ကို သုံးရက်လောက် အချူပ်ခန်းထဲ ထည့်ပေးပါဆရာ"

Minseok hyungက သဘောတကျရယ်ရင်း

"မလုပ်ပါနဲ့  baekhyunကိုညနေ hyungဆီ
လွှတ်လိုက်ပါ hyungပြောပေးမယ်ကွာ"

"ဟုတ်ကဲ့ပါ ပြောမရရင်တော့ ထည့်သာထည့်လိုက်ပါဆရာ"

"ကျောင်းသားမှာ ပြစ်မှုရှိရင် မကောင်းဘူး အဲတော့လေ
သူ့ကို ကျွန်တော်တို့ နားဝင်အောင် ဆုံးမပေးပါ့မယ်"

chanyeolမမြင်ရသေးတဲ့ ကောင်လေးအတွက်
အာမခံချက်တွေ ပေးနေမိသည်။

အုပ်ချူပ်ရေးမှူး ဘက်ကတွေးကြည့်လည်းမမှားပါဘူး
အသက်ငယ်ငယ်လေးနဲ့ ရွာကို အုပ်ချူပ်နေရတာ
သူ့အတွက်မလွယ်ကူပေ။

ဖခင်ဆုံးသွားကတည်းက အမေဖြစ်သူနဲ့ အဖွားဖြစ်သူရောတူလေးbaekhyunကို သူကပဲစောင့်ရှောက်လာရတာ။

သူလည်း လူငယ်ပဲလေ တစ်ခါတစ်လေ စိတ်ဆိုးမှာပေါ့။

Chenပြန်သွားသည်နှင့် chanyeol သူသိချင်တာ
ကို hyungကိုမေး လိုက်သည်။

"hyung ဟိုကလေးမှာက မိဘတွေမရှိတော့ဘူးလား"

hyungက ခေါင်းငြိမ့်ပြလာရင်း

💒HONEY CANDY🏡(Z×U)Where stories live. Discover now