Part_7

4.9K 532 10
                                    

Zawgyi

ရိုးရာအတိုင်းကျင်းပတဲ့ ကျွန်တော်နဲ့ ကလေးပေါက်စ
ရဲ့မင်္ဂလာပွဲလေးက အောင်မြင်စွာနဲ့ပြီးသွားခဲ့ပြီ။

chanyeolရဲ့မိဘတွေကမြို့ကိုပြန်လိုက်ဖို့ခေါ်သော်
လည်း ကလေးပေါက်စကို သူမိသားစုလေးနဲ့
ခွဲမနေစေချင်တာကြောင့် သူငြင်းလိုက်သည်။

chen hyungပြောသလိုကလေးကိုမိဘတွေအကူ
အညီမပါပဲသူလုပ်အားနဲ့ရှာကျွေးချင်ပါသည်။

ရဲဝန်ထမ်းဘဝကနေ နုတ်ထွက်လိုက်ပြီး chen
hyungရဲ့စိုက်ခင်းထဲမှာပဲ အလုပ်လုပ်ဖို့
ဆုံးဖြတ်ထားလိုက်သည်။

"သား baekhyun မေမေတို့ပြန်မယ်နော်
သားလာချင်တဲ့အချိန်တိုင်းလာခဲ့နော်"

"ဟုတ်ကဲ့"

မေမေက baekhyunလေးကိုအတော်ချစ်သည်။
မြို့မှာလိုက်နေဖို့ခေါ်တုန်းကဆိုကျွန်တော်မနည်း
နားလည်အောင်ပြောလိုက်ရသည်။

မေမေတို့က မင်္ဂလာပွဲပြီးသည်နှင့်ပြန်သွားကြသည်။
မေမေက Park groupရဲ့ CEO
ဖေဖေက မြို့တော်ဝန် ဖြစ်တာကြောင့်ခွင့်ရက်ကြာကြာ
မရပေ။

ဖေဖေနဲ့မေမေ ပြန်သွားသည်နှင့်ရွှေယောက်ဖဦးလေးတော်က ကျွန်တော်တို့နေရမည့်အိမ်ကို တစ်ခါတည်း
သတ်မှတ်ပေးသည်။

ကလေးလးမိဘတွေရှိစဉ်အခါက နေခဲ့တဲ့အိမ်ဟောင်းလေးတစ်လုံး၊ မသုံးတာ နှစ်ချီရှိနေသော်လည်းသန့်ရှင်းရေး
မလုပ်တာကြာပြီး ဖုန်တွေအလိမ်းလိမ်း ပင့်ကူမျှင်တန်းလန်းတွေရှိနေတာကလွဲရင် အကုန်အဆင်ပြေပါတယ်။

အိမ်လေးတောင်ရှင်ပေးမထားဘူး။ စိတ်ပုတ်လိုက်
ကြတာ။

"ကလေး ဒီမှာခဏထိုင်အုံးနော် ဦးသန့်ရှင်းရေး
လုပ်လိုက်အုံးမယ်"

လက်ထဲကသူ့အဝတ်ထုပ်လေးကိုမချဘဲ ပိုက်ထားရင်း
ငုတ်တုတ်လေးထိုင်ကာ ကလေးပေါက်စက chanyeolကိုလိုက်ကြည့်နေသည်။

chanyeolဘယ်က စပြီး ရှင်းရမလဲ လမ်း
ပျောက်နေသည်။

နောက်ဆုံး အိပ်ခန်းကိုအရင်ရှင်းဖို့ဆုံးဖြတ်လိုက်ကာ
အပေါ်ကုတ်ကိုဆွဲချွတ်ပြီး အခန်းထောင့်က တံမြက်စည်း
တစ်ချောင်းယူကာ ရှင်းလိုက်သည်။

💒HONEY CANDY🏡(Z×U)Where stories live. Discover now