Part_9

4.7K 497 27
                                    

"ကလေးထတော့လေ ဦးစိုက်ခင်းထဲသွား
လိုက်အုံးမယ် ထ ,ထမျက်နှာသစ် ဦး
မနက်စာပြင်ပေးထားတယ် ပူပူလေး
စားရအောင် ထတော့နော် ကလေးလေး"

စောင်ပုံတွေကြားထဲမြုပ်နေသောကလေးပေါက်စဟာ
အင်မတန်ချစ်ဖို့ကောင်းနေပါသည်။အသာလှုပ်နိုး
လိုက်တော့ မျက်နှာလေးရှုံ့မဲ့ကာစောင်တွေကိုခြေထောက်နဲ့ ကန်ပစ်ကာ စူပုပ်ပုပ်မျက်နှာလေးဟာကျွန်တော်ရဲ့
တစ်နေ့တာကို ပြီးပြည့်စုံစေသည်။

ဒီလိုချစ်စရာကောင်းတဲ့မြင်ကွင်းမျိုးကို ကျွန်တော့်ဘဝသက်တမ်းတစ်လျှောက်အမြဲမြင်တွေ့ရတော့မည်ဟုတွေးမိတော့ ကြည်နူးမှုက ရင်ထဲနွေးကနဲ သိမ့်ကနဲ့။

"ကလေးလေး ထတော့နော် ဦးမျက်နှာသစ်ပေးမယ်လေ"

နောက်တစ်ကြိမ်ထပ်နိုးလိုက်သည်နှင့် ပေါက်စလေးက
ချက်ချင်းငုတ်တုတ်ထထိုင်ပြီးခေါင်းတွေတစ်ဗျင်းဗျင်းကုတ်လိုက် လည်ပင်းတွေကုတ်လိုက်နဲ့ မျက်လုံးကတော့
မှိတ်ထားဆဲ။

ဆံပင်ဖွာလန်ကျဲနေတဲ့ အိပ်ချင်မူးတူးအကောင်ပေါက်လေးကို အတင်းဖက်နမ်းပစ်ချင်စိတ်တွေ တစ်ဖွားဖွားရယ်။

သို့သော်လည်း

နမ်းချင်ရင် နမ်းချင်တယ်လို့ တရားသဘောနဲ့
ဖြေသိမ့်လိုက်သည်။ သူလေးစိတ်ဆိုးသွားမှာ
တစ်ကယ် မလိုလားဘူးရယ်။

ကလေးကမျက်လုံးမဖွင့်ပဲ ရေချိုးခန်းထဲဝင်သွားသည်မို့
ကလေးရဲ့ ပုခုံးလေးကိုကိုင်ကာ ဘာနဲ့မှ ဝင်မတိုက်မိစေဖို့
ထိန်းပေးထားရသည်။

သွားတိုက်ဆေးတံလေးထဲ သွားတိုက်ဆေးညှစ်ကာ
ကိုယ်တိုင်တိုက်ပေးမယ်လုပ်တော့သူလေးက အတိုက်မခံ
ပဲ သူကိုယ်တိုင် သွားတိုက်နေသည်။

သွားတိုက်ပြီးသည်နှင့် သူမျက်နှာလေးကို ကိုယ်တိုင်မျက်နှာသစ်ပေးခွင့်တောင်းလိုက်တဲ့အခါ သူလေးက
မငြင်းတော့ပဲ မျက်လုံးကိုမှိတ်ထားကာ မျက်နှာအသစ်ခံနေသည်။

မျက်နှာသစ်ပေးပြီး သူမျက်နှာနုနုလေးကို ဖွဖွလေး
ရေသုတ်ပေးပြီး သူကိုယ်လေးကိုကျွန်တော့်ဘယ်ဘက်ပေါင်ပေါ်ဘေးတစ်စောင်းထိုင်စေလိုက်သည်။ကျွန်တော့်ရင်ခွင်ထဲရောက်နေတဲ့ အကောင်ပေါက်လေးက ကျွန်တော့်ကို
မော့ကြည့်လာသည်။

💒HONEY CANDY🏡(Z×U)Where stories live. Discover now