Part_12

4.2K 489 23
                                    

"ကလေး ထမင်းစားမယ်"

အိပ်ယာခင်းပေါ်မှာ ဝမ်းလျားမှောက်လျက်
စာအုပ်ပေါ်မှာဘာတွေအသည်းအသန်
ရေးခြစ်နေတာလဲ မသိသော ပေါက်စမှာ
ကျွန်တော့် ပြောတာကို ကြားပုံမရ။

နှုက်ခမ်းကို စုလိုက်ချွန်လိုက်နှင့်။
မက်မွန်းသီးလေးတွေမှာလည်း
ချစ်စရာကောင်းလောက်အောင်
လုံးလုံးတစ်တစ်လေးဖြစ်နေသည်။

သူလေး အနားရောက်အောင်သွားပြီး မွက်မွန်သီးလေး
ကို မနာအောင် သုံးလေးချက်လောက်ရိုက်လိုက်သည်နှင့်
ကိုယ်တော်လေးက မော့ကြည့်လာသည်။

"ထမင်းစားမယ်လေ ဘာတွေရေးနေတာလဲဟင်"

"ဘာမှ မရေးဘူး ပျင်းလို့ ပုံဆွဲနေတာ"

သူလေး ဆွဲထားတဲ့ ပုံလေးကို ယူကြည့်လိုက်သည်။

သူလေးရဲ့ မိဘနှစ်ပါးပုံ။

ရှေ့ပိုင်းက စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်လှန်ကြည့်
လိုက်ပြီး ကျွန်တော် သူလေးကို သနားမိသည်။အကြောင်းပြချက်ကစာအုပ်ရဲ့ တစ်ဝက်ကျော်တဲ့အထိ
တူညီတဲ့ ပုံတွေကြောင့်ပါပဲ။

ပုံတူတွေကို ကြည့်ခြင်းအားဖြင့် သူလေး
ဘယ်လောက်တောင် မိဘတွေကို လွမ်းနေတာ ဖြစ်မလဲ။

"ကလေး ဒီပုံတွေ ဘယ်တုန်းကတည်းက ဆွဲနေတာလဲ"

"ommaနဲ့ appaကို သတိရတိုင်း
ပုံဆွဲတယ် ကြယ်တွေကို စကားပြောတယ်
ဒီမှာကြည့်  ဒီစာအုပ်တွေထဲမှာလည်း
ommaနဲ့ appaပုံရှိတယ်"

ကလေး ယူပြတဲ့စာအုပ် သုံးအုပ်ကို ကြည့်နေရင်း ဒီကလေးသေးသေးလေးကို သနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ။

ဘယ်လိုလုပ်ရမလဲ????

အဖြေကို ကျွန်တော်သိသွားပြီ။
သူလေးကို ဒီထက် ပိုချစ်၊ ပိုအလိုလိုက်၊
သူလေး စိတ်ချမ်းသာအောင် ထားရမည်။
လိုချင်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးမည်။
မိဘ တစ်ယောက်လိုရော ၊ယောင်္ကျားတစ်ယောက်လိုရော
အစွမ်းကုန် စောင့်ရှောက်ပေးမည်။

"သဲငယ် ထမင်းစားမယ်နော်"

မဖြစ်ဘူး။ ဒီထက်ပိုပြီး စိတ်မကောင်းစရာတွေ မတွေး
စေချင်တော့ဘူး။

💒HONEY CANDY🏡(Z×U)Where stories live. Discover now