Part_39

4.4K 582 29
                                    

မီးဖိုချောင်ထဲမှာbaekhyunတို့ မြေးအဖွားနှစ်ယောက်
ထမင်းဟင်း ချက်နေကြသည်။
တကယ်တော့ baekhyunက ဘာမှ မလုပ်တတ်ဘူး။
အဖွားက ဘေးကနေ ဘာဘယ်လောက်ထည့် အပေါ့အငန်ဘယ်လိုညှိဟု ပြောပြနေ၍သာ ဖြစ်သည်။

ပြောသမျှ ငြိမ်ငြိမ်လေး နားထောင်ပြီး ကြိုးကြိုးစား ချက်နေတဲ့မြေးလေးရဲ့ တည်တည်ငြိမ်ငြိမ်ပုံလေးကို မြင်ရတာ ဝမ်းသာသလို ဝမ်းနည်းမိသလို မျက်ရည်တွေပင် လည်လာမိသည်။

ညီမ ဖြစ်သူကငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပြီး
baekhyunလေးကို ရခဲ့တာဖြစ်သည်။
အသက်ငယ်ငယ်နဲ့ အိမ်ထောင်သည်ဖြစ်ရတဲ့ ညီမမှာ အိမ်ထောင်တာဝန်ကို မထိန်းတတ်မသိမ်းတတ်နှင့် ဒုက္ခမျိုးစုံကြုံရသည်။

baekhyunလေး မွေးပြီးကာစမှာပဲ ဖခင်ဖြစ်သူက
ဆုံးသွားရရှာသည်။ ထိုစိတ်နဲ့ပဲ ညီမ ဖြစ်သူမှာ အိပ်ယာထဲ ဗုန်းဗုန်းလဲကာ ဆုံးသွားရသည်။

ထို့ကြောင့်ပဲ baekhyunလေး အိမ်ထောင်ကျခါစက အရမ်းစိုးရိမ်ခဲ့ရတာ။သူ့မိဘတွေလို ဖြစ်မှာ စိုးသည်။အခုလည်း ပြသနာကြုံခဲ့ရပြီးပြီ။ဒီရွာမှာ နေနေသရွေ့တော့ ဒီလို အခက်အခဲတွေကြုံနေအုံးမှာပဲ။ မွေးလာမဲ့ ကလေးတွေ ဘဝကလည်း တိုးတက်ဖို့ နှောင့်နှေးပေမည်။

"သားလေး"

"ဗျာ"

ဇွန်းခွက်ကြီးကြီးနဲ့ ဟင်းမွှေနေရင်းမှ လှည့်ကြည့်လာသည်။

"အဖွား ပြောစရာရှိတယ် သေချာ နားထောင်နော်"

"ဟုတ်ကဲ့ အဖွား"

အဖွားက baekhyun ဆံပင်ပျော့ပျော့လေးကို ပွတ်သပ်ကာ

"သား မြို့ကို လိုက်သွားရမယ်"

ချက်ချင်း မျက်နှာလေး ညိုးကာ တစ်ခုခုပြောရန် ပြင်လိုက်စဉ်အဖွားက လက်ကာပြကာ

"အဖွားပြောတာ ဆုံးအောင်နားထောင်အုံး"

"ဟုတ်ကဲ့"

"သား လိုက်မသွားချင်ဘူးဆိုတာ အဖွားသိပါတယ်
ဒါပေမဲ့ သားတို့က အခု ကလေးအဖေ ဖြစ်ကြတော့မှာ
သားတို့ ဒီရွာမှာ ဆက်နေရင် ကလေးရဲ့ ပညာရေးနှောင့်နှေးမယ်သားတို့လည်း စိုက်ခင်းအလုပ် ၊လယ်အလုပ် ယာအလုပ်အပြင်
ဘာမှ တိုးတက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး

💒HONEY CANDY🏡(Z×U)Where stories live. Discover now