အပိုင်း -၄

823 100 0
                                    

ဆွတ်ဆွတ်ဖြူသောပဝါ
   သန့်စင်သော ကိုယ်ကျင့်တရား

ကာယကံရှင်က တည်ငြိမ်နေသလောက် နန်းဆောင်တွင်းမှ လူနည်းစုအပျိုတော်လေးများကမူ မိဖုရားအားကြည့်ကာ အတင်းအဖျင်းတို့အား တိုးတလှည့်ကျယ်တလှည့်နှင့်…။
ဧကရာဇ်ဟန်ကျင်းရှန်း၏ မျက်နှာသည်ကား နှစ်ဆကဲသော အေးစက်ခြင်းတို့ပြည့်လျက်…။ လင်းယွီကမူ အထင်ကရမှတ်ကျောက်တိုင်နှယ် မားမတ်မတ်ရပ်လျက် စိတ်လှုပ်ရှားဟန်အနည်းငယ်ပင် မရှိ ။ ထိုစဉ် စေလွှတ်ခြင်းခံရသည့် အမျိုးသမီးငယ်က ပြန်ရောက်လာပြီး မယ်တော်ကြီးထံ ဆွတ်ဆွတ်ဖြူသည့်ပဝါတစ်ထည် ရိုသေစွာကမ်းလင့်လာ၏။

"ဒါက… "

ဆွတ်ဆွတ်ဖြူသည့် ပဝါဖွေးလွှလွှအားအမြင်
အကုန်လုံး၏မျက်နှာ၌ အံ့သြခြင်းတစ်စုံတစ်ရာမရှိချေ။ သို့သော် လှောင်ရိပ်သန်းသည့် မျက်ဝန်းတို့က အပြည့်အနှက်…။ နန်းတော်သို့ခြေချတည်းက သိက္ခာကျရသည့် ဧကရီအား သနားဂရုဏာသက်ဟန်မရှိ။ လှောင်ပြောင်ချင်စိတ်တို့ ကြီးစိုးလျက်သာ…။ လင်းယွီကမူ အိပ်ရာပေါ်၌ရှိနှင့်သော ထိုပဝါအား မြင်ဖူးနှင့်ပြီဖြစ်၍ စိတ်လှုပ်ရှားမှုမရှိ။ မသိဘာသာ အေးစက်စက်မူဟန်နှင့်သာ ငေးကြည့်နေ၏။

"မိဖုရား ဒါက… "

"ပဝါဖြူပါ မယ်တော်။"

"အဲ့လိုမဟုတ်ဘူးလေ။ မင်းတို့တစ်ညတာ ဖြတ်ကျော်ခဲ့တယ်ဆိုရင် ဒီမှာ သွေးစွန်းနေရမှာပေါ့ မင်းတို့ ဘယ်လိုဖြစ်ရတာလဲ။ သားတော်မင်းကြီး လိမ်တာလား ဒါမှမဟုတ်… မိဖုရားက… "

"သမီးတော်ရဲ့ ကိုယ်က သန့်စင်ဆဲပါ မယ်တော်… "

"ဘာ!"

"ညက အရှင်မင်းကြီး နန်းဆောင်ကို ရောက်လာခဲ့ပေမယ့် သမီးတော်ရဲ့ ကိုယ်က အားနည်းနေလို့ မပြုစုပေးနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ အရှင်မင်းကြီးကို  ရှန်းဖေးအဆောင်ကြွမြန်းဖို့ တိုက်တွန်းခဲ့ပါတယ်။ "

ဧကရီ၏အေးစက်စက်စကားသံကြောင့်
အောင်ပွဲဆင်ဟန်ပြုနေသည့် မယ်တော်ကြီး၏အမူအရာက ရုတ်ချည်းအမှောင်အတိကျသွားရကာ မျက်နှာထားမကောင်းလှသည့် သားတော်ထံသို့  လှမ်း၍အမေးကူမိ၏။

Phoenix in the Flame(မီးလွ်ံႀကားက ဇာမဏီ)Where stories live. Discover now