ဦးဆုံးသောအပြုံး~
ဦးဆုံးသော ဒေါသဒေါသငွေ့၊တိတ်ဆိတ်မှုများနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရသည့် ပွဲတော်က သိပ်၍အမြင်မလှတော့…။ ကြွေလွင့်နေသည့် ချယ်ရီလှလှတို့သည်ပင်လျင် ကဗျာဆန်စွာ တင့်တယ်မနေနိုင်တော့ချေ။
ပွဲတော်၏အဓိကဖြစ်လေသည့်
ဘုရင်သည်လည်း သီချင်းနာမည်လေးကြားရုံမျှနှင့် ဒေါသတကြီးထွက်သွား၍
အခြေအနေမကောင်းလှသော စားပွဲကို လင်းယွီလည်း ကိုယ်လုပ်တော်များနှင့်အတူ သည်အတိုင်းသာ ထားပစ်ခဲ့လိုက်ကာ အနားယူရန် အဆောင်တော်ရှိရာသို့သာ ပြန်လာလိုက်၏။နေပင်ဝင်၍ ညသော်တာပင် တစောင်းချိတ်နေပြီဖြစ်၍ အဆောင်တော်၌ ရေချိုးသန့်စင်ပြီးကာ အနားယူနေသည့်ခဏ အားလန်က ပေါ့ပေါ့ပါးပါး အသီးအရွက်ညစာအချို့ကို လင်းယွီအဖို့ပြင်ဆင်ပေးလာသည်။ ညစာစားပွဲ၌ ထိုင်လိုက်ကာ အနည်းငယ်မျှသော အသီးအရွက်ကြော်ကို ပါးစပ်တွင်းအသာထည့်ရင်း တစ်စုံတစ်ခုသော အကြောင်းအရာကို အမှတ်ရမိ၍ နံဘေးမှ ရေနွေးကြမ်းငှဲ့ပေးနေသည့် အားလန်ထံ လှမ်း၍ဆိုမိ၏။
"အားလန်~ "
"ပြောပါ မယ်မယ်~ "
"မြို့စားမင်းအကြောင်းကလေ ဘာဖြစ်လို့လဲ? သူကအရမ်းတော်တဲ့ ပုဂ္ဂိုလ်မဟုတ်လား? သူ့အကြောင်းအရမ်းကြီးမဟုတ်ပေမယ့် နည်းနည်းတော့ကြားဖူးတယ်။ "
"အဲ့ဒါကို မယ်မယ်သိချင်နေမိတယ်လို့တော့ အားလန်ထင်သားပဲ။ စောနတည်းက မျက်မှောင်ကြီးကြုံ့ပြီး စဉ်းစားနေတယ်လေ။ "
"အင်း… ဘာဖြစ်လို့ ဘုရင်က အဲ့လောက်တောင် စိတ်ဆိုးသွားရသလဲဆိုတာ သိချင်နေတယ်။"
အားလန်က လင်းယွီ၏အပြောကြောင့် ခပ်ရေးရေးပြုံးလျက် မုန်လာဥနီမွမွလေးများအား ပန်းကန်တွင်းသို့ထည့်ပေးနေသည်။ လင်းယွီကမူ ထိုဘုရင်၏ထူးဆန်းဆန်း ပြုမူပုံကိုပဲ စူးစမ်းချင်မိ၍ ထမင်းပင်မစားနိုင်…။ ထိုစဉ် အားလန်က ဆိုလာ၏။
"အားလန်ကြားတာကတော့ ဟုန်းချန်းက မင်းသားသုံးကို ဦးရီးတော်က ထိမ်းမြားလိုက်တာလို့ပဲ။ ပြီးတော့ မယ်မယ်လည်းသိတယ်မလား? ဦးရီးတော်ကို မယ်တော်ဖုရား ထိုက်ချင့်မယ်မယ်ကပဲ ထိန်းလာခဲ့ရတာ…။ အဲ့ဒီတော့ အရှင်မင်းကြီးက ဦးရီးတော်ကို ညီအကိုလို သံယောဇဉ်ရှိတယ်လို့ ကြားတာပဲ။"
ŞİMDİ OKUDUĞUN
Phoenix in the Flame(မီးလွ်ံႀကားက ဇာမဏီ)
Tarihi Kurgu#Zawgyi #Unicode [Own Creation ]ရှင်းချန်း ဧကရီရဲ့ လူသိမခံဝံ့တဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်~ မင်္ဂလာဦးညမှာတင် အေးစက်စက်ဧကရီဆီက အငြင်းခံခဲ့ရတဲ့ ဧကရာဇ်~ သုံးထောင်သော မိန်းမလှတွေကို ဧကရာဇ်နဲ့ ပေါင်းဖက်ရေးကို အလှည့်ကျ ဘယ်လိုစီစဉ်ရမလဲ တွေးနေတတ်တဲ့ ဧကရီ~~