"သိမ်မွေ့စွာ လျို့ဝှက်သော"
လင်းယွီနန်းတော်သို့ ပြန်ရောက်ရောက်ခြင်း မည်သည်ကိုမှဂရုမပြုအား...။
အလျင်အမြန်လမ်းကိုလျှောက်လှမ်း၍ အဆောင်၌အသင့်စောင့်ဆိုင်းနေမည့် ဖခင်ထံသို့သာ ဦးတည်မိ၏။
ထိုခဏ၌ ရှင်ဘုရင်ကိုပင် မေ့လျော့လျက် အသော့နှင်မိခြင်း......။ အခြားသောသူများက ရမ်းကားဟန်ရှိသော ဧကရီအား အပြစ်ဆိုချင်ဟန်ရှိသော်ငြား ရေမြေ့သခင်က လက်ကာပြလျက် တားမြစ်၏။ သူ၏အကြည့်တို့သည်ကား အလျင်စလိုထွက်ခွာသည့် အမျိုးသမီး၏ကျောပြင်၌သာ မြဲမြံလျက်...။ တစ်ခဏမျှအကြာ၌မူ ပဟေဠိဆန်ဆန် အကြည့်တို့အား ရုတ်သိမ်းလျက် အေးတိအေးစက်သွင်ပြင်ဖြင့်သာ မိမိကိုယ်ပိုင်အဆောင်သို့သာ ကြွချီသွားလေတော့၏။"အဖေ အကုန်လုံးပြင်ဆင်ပြီးပြီလား?"
ခရီးရောက်မဆိုက် မေးမြန်းလိုက်သည့် စကား၌ လင်းယွီ၏ဖခင်က ပြုံးရုံသာပြုံး၏။ စိတ်လောနေသည့်လင်းယွီအား သတိမူမိ၍ ပိုးစာလိပ်တစ်ခုအား စားပွဲထက်တွန်းပို့၍ လင်းယွီထံ စကားဆိုလာ၏။
"စိတ်မပူပါနဲ့ မယ်မယ် ဆန်စပါးနဲ့ရိက္ခာခြောက်တွေ အသင့်ဖြစ်နေပါပြီ သက်ဆိုင်ရာဋ္ဌာနခွဲတွေကို ပေးအပ်ဖို့ပဲ ကျန်ပါတော့တယ်။"
"မြို့တော်က သူဆင်းရဲတွေအတွက် ရိက္ခာဝေတာကိုတော့ ကျွန်မကိုယ်တိုင်ကိုယ်ကျ လုပ်ချင်တယ် အဖေ~ "
"မယ်မယ်က?? ဘယ်လို?"
"စိတ်မပူပါနဲ့ မိဖုရားဆိုတဲ့ပုံစံနဲ့သွားမှာမဟုတ်လို့ ... သူတို့လက်ထဲ ရိက္ခာတွေရသွားတာကို သမီးမျက်စိနဲ့ တပ်အပ်မြင်မှရမယ်။ အခြားပြည်နယ်တွေကို ခွဲဝေပေးတာကိုလည်း ချန်းမျိုးနွယ်အကြီးအကဲတွေကို လွှတ်ပြီးကွပ်ကဲပေးပါ။ အလွဲသုံးစားလုပ်တာမျိုး လုံးဝမဖြစ်စေရဘူး။ "
"ကောင်းပါပြီ မယ်မယ် ~ "
စိတ်ထားမြင့်မြတ်လွန်းလှသော သူ၏သမီးငယ် တိုင်းပြည့်မိခင်၏ ရည်ရွယ်ချက် မျှော်လင့်မှုအား သိသည်မို့ချန်းအန်း မည်သို့မှ မငြင်းဆိုတော့။ သူမအလိုရှိသည့်အတိုင်းပင် ပြင်ဆင်ရန် ကတိကဝတ်ပြုမိသည်။ သို့သော် သူ၏သမီးငယ်က ဤသို့ တိုင်းပြည်အရေး၌ အလွန်ထက်မြက်ကာ ဧကရီတစ်ပါးဖြစ်ထိုက်သော်လည်း ချန်းမျိုးနွယ်အနေနှင့်မူ လွန်စွာစိုးရိမ်ဖွယ်... အကယ်၍ရင်နှစ်သည်းချာသူမသာ တစ်ခုခုဖြစ်ခဲ့လျင်မူ သူကိုယ်တိုင်နှင့်ဇနီးသည် မင်းသမီးသည်ကား ခံစားနိုင်မည်မဟုတ်ချေ။
ESTÁS LEYENDO
Phoenix in the Flame(မီးလွ်ံႀကားက ဇာမဏီ)
Ficción histórica#Zawgyi #Unicode [Own Creation ]ရှင်းချန်း ဧကရီရဲ့ လူသိမခံဝံ့တဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်~ မင်္ဂလာဦးညမှာတင် အေးစက်စက်ဧကရီဆီက အငြင်းခံခဲ့ရတဲ့ ဧကရာဇ်~ သုံးထောင်သော မိန်းမလှတွေကို ဧကရာဇ်နဲ့ ပေါင်းဖက်ရေးကို အလှည့်ကျ ဘယ်လိုစီစဉ်ရမလဲ တွေးနေတတ်တဲ့ ဧကရီ~~