အမည်- ဟန်ကျင်းရှန်း
အလုပ်အကိုင်- ရှင်ဘုရင် ၊ (??????)
အရပ်အမြင့် - ခြောက်ပေနှစ်လက်မ
အကြိုက်ဆုံးအစားအစာ- အစာသွပ်မုန့်
အနှစ်သက်ဆုံးမိန်းကလေး- ချန်းလင်းယွီ
အနှစ်သက်ဆုံးမိဖုရား - ချန်းလင်းယွီ
အနှစ်သက်ဆုံး လက်အောက်ခံ - ဟန်လျန်ဖုန်း
ဆွေမျိုး - ဟန်လျန်ဖုန်း(ညီတော် )
အချစ်ဆုံးလူ - ချန်းလင်းယွီ
(ဒုတိယ - ဟန်လျန်ဖုန်း)အမြင်ကတ်ဆုံး အရာ- ချန်းလင်းယွီ တခြားယောကျာ်းတွေကို စကားပြောတာ
အမုန်းဆုံး- အနောက်ဆောင်မှမိန်းမများ (ချန်းလင်းယွီမပါ )
(အကုန်ချန်းလင်းယွီတွေချည်းပဲ LOL )
ဟန်ကျင်းရှန်းက အများမထင်ရတဲ့ သူမျိုးပါ။ ရက်စက်တယ်။ ပြတ်သားတယ်။ အများရှေ့မှာဆိုရင်တော့ နည်းနည်းဥာဏ်နည်းသလို ဟန်ဆောင်တတ်တယ်။ ဒါမှ အမတ်တွေက သူ့ကိုအထင်သေးမှာလေ။ သူ့ရဲ့အကြံတွေက တခြားတစ်ယောက်မဦးခင် ကြိုဦးနေတတ်တယ်။ ဒါတွေအကုန်လုံးက ကျားကစားပွဲတစ်ခုဆိုရင် ဟန်ကျင်းရှန်းက ရှုံးနေတဲ့သူတစ်ဦး (အရှုံးပေးဟန်ဆောင်ထားတဲ့သူ)ပေါ့။ ဒါပေမယ့် မထင်မှတ်ထားတဲ့အချိန်မှာ တစ်ဖက်လူကို အရှုံးကြီးရှုံးသွားစေလိမ့်မယ်။
သူမုန်းတာက သူ့ကိုသစ္စာဖောက်တဲ့သူမျိုး
ပြီးရင် ယောကျာ်းချင်းသဘောကျတာကို ဘာကြောင့်မှန်းမသိ သူ အရမ်းခါးသီးသီးကို မုန်းတယ်။ လက်မခံနိုင်ဘူး။
သူက အားရင် ဟန်လျန်ဖုန်းနဲ့ ကျားထိုးရတာ
ပြီးတော့ နောက်ပိုင်းချန်းလင်းယွီကို နှောင့်ယှက်ရတာကို နှစ်သက်တယ်။သူအကြိုက်ဆုံးအရောင် -အနီ
(လင်းယွီ တအားမုန်းတဲ့အရောင် )
Fact 1 : သူလည်း ကလေးတွေကိုမုန်းတယ်။ အဲ့ပေါက်စတွေက ဆူညံလွန်းတယ်လို့ ခံစားရတယ်။
ဒါပေမယ့် လင်းယွီဆီက ကလေးဆိုရင်တော့ သူပျော်ရွှင်နေလိမ့်မယ်။
VOUS LISEZ
Phoenix in the Flame(မီးလျှံကြားက ဇာမဏီ)
Fiction Historique#Zawgyi #Unicode [Own Creation ]ရှင်းချန်း ဧကရီရဲ့ လူသိမခံဝံ့တဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်~ မင်္ဂလာဦးညမှာတင် အေးစက်စက်ဧကရီဆီက အငြင်းခံခဲ့ရတဲ့ ဧကရာဇ်~ သုံးထောင်သော မိန်းမလှတွေကို ဧကရာဇ်နဲ့ ပေါင်းဖက်ရေးကို အလှည့်ကျ ဘယ်လိုစီစဉ်ရမလဲ တွေးနေတတ်တဲ့ ဧကရီ~~