Zawgyi
Xiao Zhan မောင်းလာတဲ့ပြိုင်ကားလေးကို ကျောင်းရှေ့မှာ ရပ်လိုက်ပြီး ကားပေါ်က ဆင်းလိုက်သည်။ Yibo က ဒီနေ့ ပထမဆုံး တက္ကသိုလ်တက်မည့်နေ့မို့ ကျိန်းသေလာကြိုရမည်ဟု အမိန့်ပေးထားသည်လေ။
လွန်ခဲ့တဲ့ ၂ နှစ်က သူတို့နှစ်ယောက် ပြခန်းမှာ ပြန်ဆုံသည့်နေ့ကစပြီး Xiao Zhan မှာ သူနဲ့ အသက်ထက်ဝက်ကျော်ကွာနေသည့် ကလေးကို အရှက်ကင်းမဲ့စွာ နောက်ပိုးလုပ်လာခဲ့ရင်း သိပ်မကြာခင်က ကလေးရဲ့ ၁၈ နှစ်ပြည့်မွေးနေ့မှာ Xiao Zhan သေမတတ်မျှော်လင့်ခဲ့ရသည့် ' ချစ်တယ်ဉီး ' ဆိုတဲ့ စကားလေးသုံးခွန်းကို ကလေးဆီက ကြားခွင့်ရခဲ့သည်လေ။
ထိုနေ့က Xiao Zhan မှာ အိပ်မပျော်နိုင်ပဲ တစ်ညလုံး လူးလွန့်ရင်း ရူးမတတ်ပျော်ခဲ့ရသည် မဟုတ်ပါလား။
" ဉီး ! မျက်နှာက ဘာဖြစ်တာလဲ ? ပြုံးဖြီးလို့ "
Xiao Zhan မော့ကြည့်လိုက်တော့ ဘယ်ချိန်တည်းက အနားရောက်နေမှန်းသိတဲ့ Yibo က မျက်လုံးဝိုင်းလေးတွေနဲ့ သူ့ကို ပြူးကြည့်လို့နေသည်။
Xiao Zhan မသိစိတ်ကနေ Yibo ရဲ့ ပေါက်ဆီလေးလို နူးညံ့နေတဲ့ ပါးနုနုလေးတွေဆီ လက်လှမ်းပြီး ဆွဲလိုက်ရင်း
နှုတ်မှ ပြောလိုက်မိသည်က " ချစ်တယ် ကလေး " လို့။Xiao Zhan စကားလည်းဆုံးရော Yibo မျက်နှာလေးက အတင်းတည်ထားပေမယ့် နားရွက်ဖျားတွေကတော့ မလိမ်နိုင်ပဲ ရှက်သွေးဖြန်းကာ ရဲရဲနီလို့နေသည်။
" ခင်ဗျားကြီးကတော့ တနေ့တခြားအရှက်မဲ့လာလိုက်တာ။ ကျောင်းရှေ့တောင် မရှောင်တော့ဘူး။ "
Yibo က ပွစိပွစိပြောကာ စူအောင့်ပြီး Xiao Zhan မွေးနေ့တုန်းက ချစ်သက်လက်ဆောင်အဖြစ်ဝယ်ပေးထားတဲ့ Spyker C 8 ပြိုင်ကားအနက်ရောင်လေးပေါ်သို့ မောင်းသူနေရာထံ ဉီးအောင်အရင် ဝင်ထိုင်တော့သည်။ Yibo က ကားမောင်းရင် တအားကြမ်းတာကြောင့် Xiao Zhan က တော်ရုံပေးမောင်းလေ့မရှိချေ။ ဒီနေ့တော့ ချစ်သူ ကလေးလေး စိတ်တိုင်းကျ နေပေးချင်သည်မို့ Xiao Zhan ဘာမှ မပြောတော့ဘဲ မောင်းသူခုံဘေးက Lover seat မှာသာငြိမ်ငြိမ်လေး ဝင်ထိုင်လိုက်သည်။
သိပ်မကြာခင်အချိန်မှာပဲ ရှန်ဟိုင်း အနုပညာကျောင်းရှေ့မှ ပြိုင်ကားလေးက ဒုံးပျံလို အရှိန်နဲ့ ကဆုန်ပေါက် ပြေးထွက်သွားလေတော့သည်။