Zawkyi code_
မောင့်ကိုချစ်တယ်
အပိုင်း(1)စာဖတ်သူများထိုficသည်ကိုယ်တိုင်ခံစားပီးဖတ်မှ ရင်ထဲမှာတစ်ခုခုထင်ကျန်ခဲ့မှာပါ။
မြန်မာနိုင်ငံရဲ့ Top 10စာရင်းဝင်သူဌေး
ကြီး ဦးမင်းနိုင်ရဲ့ မြေးသတိုး ဘန်ကောက်ကလေပညာသင်ပီး ပြန်လာမှာမို့ ဝန်ထမ်းများလာကြို ကြသည်။ဘန်ကောက်ကလေ ရန်ကုန်သို့ဆိုက်
ရောက်တဲ့ လေယာဉ်ပေါ်ကဆင်းလာတဲ့
လူတွေများပြားလှသည်။အဲ့ထဲမှာမှ
အမဲရောင်အကျီ င်္နဲ့ ဂျင်းဘောင်းဘီအမဲ
ဝတ်ဆင်ထားတဲ့ လူလတ်ပိုင်းအမျိုးသား
တစ်ယောက်။အရပ်ရှည်ရှည် မျက်ခုံးမွှေးထူထူ
ဖြူ ဖွေးတဲ့အသားအရေရယ် ပန်းနုရောင်
သန်းနေတဲ့နှခမ်းလေးတစ်စုံလဲပိုင်ဆိုင်
ထားသည်။ပြုံးလိုက်ရင် ပိုပီးကြည့်လို့
ကောင်းတဲ့ လူတွေထဲပါသည်။သတိုးလဲ ခရီးစောင်အိတ်ကိုကိုင်လာ
တော့ ပြေးပီ အထုတ်တွေဝိုင်းဆွဲတဲ့
အဖိုးရဲ့တပည့်တွေ။"သူဌေးလေးကို လာကြိုခိုင်းလို့ပါ"
"အဘိုးရော"
"အလုပ်မအားလို့ပါ သူဌေးလေး"
"အင်ပါ သွားကြမယ် အဖိုးကုမ္ပဏီကို"
"ဟုက်ကဲ့ သူဌေးလေး"
သတိုးလဲ ကားပေါ်တက်ထိုင်လိုက်တော့
ကားကမောင်းထွက်လာခဲ့သည် အဖိုး
ကုမ္ပဏီသို့။ကျွန်တော့်နာမည်က သတိုး၊အသက်က
(26)၊မိဘတွေက ငယ်ငယ်ထဲကဆုံးသွားပီ အဖိုးကအခုချိန်ထိစောင့်ရှောက်နေတယ်ဆိုပါတော့ ။အခြားတစ်ဖက်တွင်
အမေ့အတွက် မနက်စာပြင်နေတုန်း
အိပ်ခန်းထဲကလှမ်းခေါ်တဲ့ အမေ"သား...."
ကျွန်တော်လဲ အမေ့အခန်းထဲဝင်ကာ
"အမေဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူးသားရယ် အလုပ်သွားရမယ်မလား"
"ဟုက်တယ်အမေ အမေ့အတွက်မနက်စာပြင်ပေးနေတာ"
"သားရယ် အမေ့အတွက်နဲ့သားပင်ပန်းနေပီ"
"အမေရယ် အဲ့လိုမပြောပါနဲ့"
YOU ARE READING
မောင့်ကိုချစ်တယ်
Fanfictionfollowerအရမ်းနည်းနေလို့ အသိများရှိရင် မျှဝေပေးစေချင်ပါတယ် မောင့်ကိုချစ်တယ် Intro_ _မောင့်ကိုမြင်မြင်ချင်းချစ်ခဲ့တာကြောင့် ရယူခဲ့ပေမဲ့ မောင့်ရဲ့ဒုတိယလူဖြစ်ရတဲ့ အတွက် အရမ်းဝမ်းနည်းတယ် (သတိုး) _ကျွန်တော် ခင်ဗျားကိုမချစ်ဘူး ချစ်ခဲ့ရင် လဲ ခင်ဗျားကဒုတိယလူ...