Zawkyi code_
မောင့်ကိုချစ်တယ်
အပိုင်း(8)သတိုးတို့အိမ်အရောက်ကားပေါ်ကဆင်း
လိုက်သည်။အောင်အောင်အိမ်ထဲဝင်မလို့ရှိသေး
သတိုးလက်လှမ်းဆွဲကာ"ဘာလဲ သတိုး"
"ငါ့ကိစ္စ ငါရှင်းမယ် မင်းဘာမှဝင်မပြောပါနဲ့"
"အေးပါ"
"မင်းဘာတစ်လုံးမှ ဝင်မပြောပါဘူးလို့
ကတိပေး""ပေးတယ်ကွာ ဟုက်ပီလား"
"အင်း"
နှစ်ယောက်သားအိမ်ထဲဝင်လာတော့
ဧည့်ခန်းထဲမှာထိုင်ပီးပြုံးပျော်နေကြတဲ့
မောင်နဲ့ညီလရောင်က ကျွန်တော့်အနားလာကာ
"အကိုနေမကောင်းဖြစ်တာမလား"
"ဟုက်တယ်ညီ အကိုညီနဲ့မောင်ကိုပြော
စရာရှိတယ်""ပြောပါ အကို"
"ခဏစောင့်"
သတိုးလဲ အပေါ်ထပ်ပြန်တက်လာကာ
စားပွဲနားက ကွာရှင်းစာချုပ်ကိုယူပီး
အောက်ထပ်ပြန်ဆင်းလာခဲ့သည်။သတိုးလဲ စာချုပ်ကိုစားပွဲပေါ်ကိုပစ်တင်လိုက်ကာ
"သတိုးမောင့်ကို ကွာရှင်းပေးပါ့မယ်"
သူရိန်လဲရုတ်တရက်မို့ကြောင်သွားသည်။
(ငါပျော်ရမှာလေ ဘာလို့ဝမ်းနည်းလာရတာလဲ!!)"မောင်နဲ့ညီပျော်ပျော်နေခဲ့ပါ"
သတိုးလဲ ကြမ်းပြင်ပေါ်ထိုင်ချလိုက်ကာ
ဘောပင်ယူပီး လက်မှတ်ထိုးမလို့ပဲရှိသေး လက်ကိုစုပ်ကိုင်လိုက်တဲ့ လရောင်။"အကိုဆီမှာ အကြောင်းပြချက်ရှိရမယ်"
အောင်အောင်ကတော့ ကတိပေးထားသည်မို့ ဘာမှဝင်မပြောပေမဲ့ မျက်ရည်တွေစီးကျလာသည်။
(သူငယ်ချင်းရယ်မင်းအချစ်ကဘာလဲတော့ငါမသိဘူး အခုလိုမင်းလုပ်နေတာက
လရောင်နဲ့သူရိန်ပျော်ရွှင်ဖို့ပဲမလား)"အကိုပင်ပန်းနေပီညီ အကိုကြောင့်
ညီနဲ့မောင် မပျော်ရွှင်ရမှာကိုမလိုချင်ဘူး"
YOU ARE READING
မောင့်ကိုချစ်တယ်
Fanficfollowerအရမ်းနည်းနေလို့ အသိများရှိရင် မျှဝေပေးစေချင်ပါတယ် မောင့်ကိုချစ်တယ် Intro_ _မောင့်ကိုမြင်မြင်ချင်းချစ်ခဲ့တာကြောင့် ရယူခဲ့ပေမဲ့ မောင့်ရဲ့ဒုတိယလူဖြစ်ရတဲ့ အတွက် အရမ်းဝမ်းနည်းတယ် (သတိုး) _ကျွန်တော် ခင်ဗျားကိုမချစ်ဘူး ချစ်ခဲ့ရင် လဲ ခင်ဗျားကဒုတိယလူ...