Zawkyi code_
မောင့်ကိုချစ်တယ်
အပိုင်း(5)အလုပ်ပိတ်ရက်မလို့ သူရိန်လဲစောစော
ထကာ မျက်နှာသစ်ရေမိုးချိုးပီး အဝတ်
အစားလဲကာ ကုတင်အနားပြန်လာခဲ့
သည်။အိပ်နေတဲ့ သတိုးကိုလှုပ်နိုးလိုက်သည်။
"ထတော့...ထတော့..."
သတိုးလဲ ကုတင်ပေါ်ထထိုင်လိုက်ကာ
"ဟုက်.."
"မျက်နှာသစ်ပီး အောက်ထပ်ဆင်းလာခဲ့"
"ဟုက်..."
သူရိန်လဲ အောက်ထပ်ဆင်းလာကာ
နောက်ဖေးထဲဝင်လာခဲ့သည်။"သား ဘာလုပ်မလို့လဲ"
"ဆန်ပြုတ်ပြုတ်မလို့ပါ ကြီးမေ"
"သားနေမကောင်းဘူးလား"
"အကိုနေမကောင်းလို့ပါ"
"ဒီကောင်လေးက ပျော့တယ်ကွဲ့...
နေမကောင်းလဲ ခဏခဏဖြစ်တက်တယ်"သူရိန်လဲ ဘာမှမပြောပဲ ခေါင်းပဲညိမ့်
လိုက်သည်။သတိုးလဲ မျက်နှာသစ်ပီး အောက်ထပ်
ဆင်းလာပေမဲ့ အဖျားနည်းနည်းကျန်သေးလို့လားမသိ...ကိုယ်လက်တွေကိုက်
ခဲနေတော့သည်။အောက်ထပ်အရောက် အိမ်ထဲဝင်လာတဲ့အဖိုးကြောင့် အားတက်သွားကာ
ပြေးဖက်လိုက်သည်။"အဖိုး.."
"ကလေးလား ပြေးဖက်ရအောင်"
"ပျော်လို့်ပါအဖိုးရဲ့"
"အေးပါ အိမ်ထဲပေးဝင်အုံး.."
"ဟုက်သားပဲ.."
သတိုးနဲ့အဖိုး အိမ်ထဲဝင်လာခဲ့ကာ
မနက်စာစားဝိုင်းတွင်ထိုင်လိုက်သည်။အဖိုးက.ကျွန်တော့်ကိုသေချာကြည့်ကာ
"မြေးနေမကောင်းဘူးလား"
"ကောင်းပါတယ်အဖိုးရဲ့"
"မြေးမျက်နှာက ဖြူ ဖက်ဖြူ ရော်နဲ့"
"ညကအိပ်ယာဝင်နောက်ကျသွားလို့ပါ"
"အဖိုးက ဒီမှာနေမှာနော်"
"တစ်သက်လုံးလား!"
"သုံးရက်ပဲလေ.."
"အော်! နေပါအဖိုးရဲ့".
YOU ARE READING
မောင့်ကိုချစ်တယ်
Fanfictionfollowerအရမ်းနည်းနေလို့ အသိများရှိရင် မျှဝေပေးစေချင်ပါတယ် မောင့်ကိုချစ်တယ် Intro_ _မောင့်ကိုမြင်မြင်ချင်းချစ်ခဲ့တာကြောင့် ရယူခဲ့ပေမဲ့ မောင့်ရဲ့ဒုတိယလူဖြစ်ရတဲ့ အတွက် အရမ်းဝမ်းနည်းတယ် (သတိုး) _ကျွန်တော် ခင်ဗျားကိုမချစ်ဘူး ချစ်ခဲ့ရင် လဲ ခင်ဗျားကဒုတိယလူ...