သုံးရက်မြောက်နေ့မှာတော့ မုယုံအမတ်ကြီးရဲ့တောင်းဆိုမှုကြောင့် မင်းကြီးဟာ မုယုံဖူးကို မင်းသားခုနစ်နဲ့စေ့စပ်ကြောင်းလမ်းမှုကိုဖျက်သိမ်းလိုက်တယ်
ဒါဟာပြည်သူတွေကြားလှုပ်ခပ်သွားတယ် အထက်တန်း လွှာတွေကြားမှာတော့ မုယုံဖူးဟာ အစွန့်ပစ်ခံလိုက်ရတယ်လို့ တွေးနေကြတယ်
တကယ့်အမှန်တရားကတော့ မုယုံဖူးကသာ မင်းသားခုနစ်ကို စွန့်ပစ်လိုက်တာဖြစ်တယ်။
အခုသူမရဲ့mission barဟာ30%ပြီးမြောက်နေလေပြီ။
.
.
.
.
.
.
မုယုံဖူး အကြည့်စူးစူးတို့ကြောင့်လှည့်ကြည်လိုက်တော့ အိမ်ရှေ့စံချီဟန်...
"အိမ်ရှေ့စံကိုဂါရဝပြုပါတယ်"
"ရပါတယ်မမလေး ထပါ "
"ကျွန်တော်မျိုးမကိုမုယုံဖူးလို့ပဲခေါ်ပါအရှင်"
"ဒါဆိုမင်းလဲကိုယ့်ကို ဟန်ကောလို့ပဲခေါ်ပါ မင်းကိုလဲ ဖူးအော်လို့ပဲခေါ်မယ်"
"အရှင့်သဘောတိုင်းပါပဲ"
သူမဟာ သူမရဲ့targetကြီးကို အလိုလိုက်လေတယ်
"ကိုယ်တို့လမ်းနဲနဲလျောက်ကြရအောင်"
.
.
.
.
.
.
နေ့တိုင်းနေ့တိုင်း အိမ်ရှေ့စံဟာ အကြောင်းမရှိအကြောင်းရှာကာ မုယုံစံအိမ်ကိုရုပ်ဖျက်ပြီးလာတယ်
မုယုံမိသားစုတွေတောင်သတိထားမိနေပြီ....
ဒီနေ့လဲ အိမ်ရှေ့စံချီဟန် ဟာ.သူမအတွက် ပိုးထည်လိပ်အကောင်းစားတွေလာပိုပြန်ပြီ
ဒါဟာ သူမကိုပိုးပန်းနေတာကို လူပိန်းတောင်နားလည်နိုင်တယ်
ကဗျာတွေ ပန်းချီတွေ ပိုးထည်တွေ လက်ဝတ်စားတွေ မရိုးနိုင်ပါသောတွေပဲ.....
ဒါပေမဲ့ထို ပိုးပန်းနည်းကို မုယုံဖူးကျေနပ်သည်ကိုတော့ဝန်ခံရမယ်
ဒါဟာသူ့မနှလုံးသားကိုရမယ်လို့မဆိုလိုဘူးလေ
ဒါဟာ missionပဲဖြစ်တယ်
VOCÊ ESTÁ LENDO
ငါ လေးကဗီလိန်ရဲ့ကိုယ်ထဲရောက်သွားတယ်
Romanceဂမုန်းလို့ခေါ်တဲ့ကောင်မလေးဟာ သူ့ရဲ့လက်ရှိဘဝမှာသေဆုံးခဲ့တယ် ဒါပေမဲ့ ဘုရားသခင်က သူ့ကိုအချိန်တွေနောက်ဆုပ်ပြီး ပြန်လည်ဝင်စားစေခဲ့တယ် ဒါပေမဲ့ အရာရာကအပေးအယူရှိပြီးသား မင်းသာမင်းရဲ့ဘဝအချိန်ကိုနောက်ပြန်ဆုပ်စေချင်ရင် မင်းငါနဲဂိမ်းကစားရမယ်လို့ပြောခဲ့တယ် အဲ့ဂ...
