Arc-2.6

7.1K 681 9
                                    

ရှိန်းသူ့အနားသို့ အန္တရာယ်​ကပ်​လာမှန်းသိ​နေခဲ့သည်

သို့​သော်​ သူ့ထံသို့မဟုတ်​ပဲ.....သူ့​ဘေးနားက ရာဟာဆီဖြစ်​​နေခဲ့သည်​ပင်​......

သူအလျင်​အမြန်​တား​ပေမဲ့မမှီလိုက်​......။

သူမ​လေးက ​သွေး​တွေအန်​ထွက်​ကာ ဟာရီကိုလက်​ညိုးထိုး​နေခဲ့သည်​ပင်
.............

ထို့​နောက်​မုန်းတီး​နေတဲ့ မျက်​လုံးများနဲ့ ကြည့်​​နေခဲ့သည့်​သူမ....... ​မြေပြင်​​ပေါ်လဲမကျခင်​သူအလျင်​အမြန်​​ပွေ့ထိန်းလိုက်​​တော့သည်​။

သူရဲ့ စိတ်​တို့က အစိုးမရ ......သူမ​လေးအားဆုံးရှုံ့းဖူးသည့်​ဟန်​.....

ဘယ်​မှာလဲ.......သူမ​လေးသူ့အားထပ်​ပြီး ထားသွားပြီလား.....

သူ့အ​တွေးတို့အဆုံး.....သူအလွန်​အံ့​အောသွားခဲ့သည်​...

'ထပ်​ပြီး.....'ဒါက ဘာကိုဆိုလိုချင်​တာလဲ အရင်​ သူမကသူ့အားထားသွားဖူး​လေသလား.....သူဘာ​ကြောင်​မမှတ်​မိရတာလဲ............

"မင်းတို့ ဟာရီ​ကို​မြေ​အောက်​ခန်းထဲမှာချုပ်​ထားလိုက်​...."

သူအမိန့်​​ပေးပြီး​နောက်​ ရာဟာအား ​ပွေ့ချီကာထွက်​လာခဲ့သည်​။

သူတို့အ​နေနဲ့ ဟာရီအားဖမ်းချုပ်​လိုက်​ရန်​သာတတ်​နိုင်​သည်​ပင်​...။

ဂျွန်​လဲ အခုအဖြစ်​အပျက်​အား မယုံကြည်​နိုင်​သလိုကြည့်​​နေမိခဲ့သည်​။

ရာဟာ​မေ့​နေတာ တစ်​ရက်​ကြာသွားခဲ့သည်​။

"ရှိန်း....."

"ရာဟာ....သတိရခဲ့ပြီ​ပေါ့"

"အင်းရပြီ....ဒါနဲ့မမဘယ်​မှာလဲ"

"သူမ​မြေ​အောက်​ခန်းထဲမှာရှိတယ်​..."

"တို့ မမဆီသွားချင်​တယ်​..."

ဖျော့​တော့​သောအသံ​လေးနဲ့အတူ သူမရဲ့ ခန္ဓာကိုယ်​ဟာ ​နောက်​ယိုင်​လဲကျလာတယ်​.....ရှိန်းဟာ သူမကို​ပွေ့ထိန်း​ပေးလိုက်​တယ်​...။

ငါ လေးကဗီလိန်ရဲ့ကိုယ်ထဲရောက်သွားတယ်Wo Geschichten leben. Entdecke jetzt