Arc-4.5

3.9K 318 39
                                        

Liliဆေးရုံဝင်းထဲဝင်လိုက်တော့ အားလုံးကသူမအားအထူးအဆန်းဟန်ကြည့်နေကြသည်။

ဘာလို့ဆို သူမက A cityရဲ့ အချမ်းသာဆုံးစာရင်းဝင်မုအိမ်တော်ရဲ့မမလေးဆိုတာသိသွားကြလို့ပင်

ဒါပေမဲ့ တစ်ခြားမိန်းကလေးတွေလို မာန်မာနကြီးဟန်မရှိ စိတ်သဘောထားကောင်းလွန်းတဲ့ကောင်မလေးမို့ ပိုပြီး အားကျ ကြသည်။

"ညနေကိုယ်လာကြိုမယ်နော်baby''
ဆိုပြီး မုချန်း သူမရဲ့နဖူးအားအနမ်းခြွေလိုက်သည်။

Lili ရဲ့မျက်နှာလေးဟာရဲတွတ်သွားပြိီး

"ကို....ကိုကို.....လူတွေရှေ့မှာလေ ဘယ်လိုဖြစ်နေတာလဲ....''

မုချန်းသူမလေးရဲ့ ရှက်နေတဲ့အမူအယာလေးကိုကြည့်ရင်း ရီမောလိူက်သည်။

မုချန်းရဲ့အပြုံးကိုမြင်သူတိုင်း သူဟာနတ်သားတစ်ပါးလို အလင်းရောင်များဖျာထွက်နေသလိုခံစားရကာ သူ့ရဲ့ အနားကလေထုကလဲ နွေးထွေးလှသည်

သိူ့သော်ထိုအရာက သူ့ရဲ့အသဲအသက်လေး မုလီလီအတွက်သာ ဖြစ်သည်ဆိုတာသိကြတော့ အားကျရပြန်သည်။

Liliပတ်ဝန်းကျင်မှလူတို့ရဲ့အကြည့်တို့ကိုနားလည်စွာမုချန်းအားငေးကြည့်ရင်း

'ကျေးဇူးပါကိုကို အမြဲတမ်း လူတကာထက်ပိုချစ်ပေးလို့ ပြီးတော့ လူတကာအားကျအောင်လဲအရမ်းချစ်ပေးလို့'

သူမရဲ့အတွေးဟာ နှူတ်ဆက်စကားလိုဖြစ်နေတာကို သူမ မတွေးမိခဲ့ပါ။

"ဟုတ်ပါပြီ ဒါဆို ညနေလာကြိုမယ်နော်ကလေး ကိုယ့်ကိုစောင့်နေ''

"ဟုတ်''

ထို့နောက်သူမဆေးရုံထဲဝင်လာခဲ့သည်။ သူမရဲ့ဂျုတီနေရာလေးမှာဝင်ထိူင်ကာ သက်ပြင်းချမိသည်။

ထိုသို့အဖြစ်အပျက်အားလုံးကိုမြင်ခဲ့တဲ့ ဇာတ်လိုက်ချင်းဟယ် ဟာ သူ့ရဲ့ရင်ထဲက ဒေါသတွေကို မငြိမ်းသတ်နိုင်။

ဘာကြောင့်မှန်းမသိ သူသဝန်တိူမိသည် ။
သူ့ရဲ့မသိစိတ်မှာ မုလီလီကသူ့အပိုင်ဟုစွဲထင်နေမိသည်။

You've reached the end of published parts.

⏰ Last updated: Dec 08, 2020 ⏰

Add this story to your Library to get notified about new parts!

ငါ လေးကဗီလိန်ရဲ့ကိုယ်ထဲရောက်သွားတယ်Where stories live. Discover now