Arc-1.3

9.4K 883 19
                                    

တစ်​စုံတစ်​​ယောက်​က​တော့ဖြင့်​ စစ်​ပွဲက ပြန်​လာ​ပေမဲ့ ညီလာခံထဲ​ခြေချ မိမိချင်း ဆိုးဝါးတာ​တွေဖြစ်​​တော့မယ်​လို့ခံစားလိုက်​ရတယ်

သူဟာ ညီလာခံထဲဝင်​လာခဲ့ပြီး ပုလ္လင်​​ပေါ်က သူ့ခမည်း​တော်​အား ဂါရဝပြုလိုက်​တယ်

"သား​တော်​ပြန်​လာပါပြီ"

"အင်း ပင်​ပန်းသွားပြီ"

'ဒါပဲလား .......တုံးတိကြီး '

"မင်းသားခုနစ်​ကို ပွဲ​တော်​ပြုလုပ်​​ပေးမယ်​ ပိုးထည်​လိပ်​နဲ့ ​လက်​​ဆောင်​​တွေ အိမ်​​တော်​ကို ပို့​ပေးလိုက်​ကြ"

"မင်းကြီးကို ​ကျေးဇူးတင်​ပါတယ်​ ဒါ​ပေမဲ့ သား​တော်​​တောင်းဆိုစရာတစ်​ခုရှိပါတယ်​"

အရှင်​မင်းကြီးက​ပြောဆိုသည့်​ပုံစံနဲ့

"ခမည်း​တော်​ သား​တော်​အတွင်းဝန်​အမတ်​ရဲ့သမီး ချီရှန်​နဲ့လက်​ထပ်​လိုပါတယ်​ "

ညီလာခံဟာအပ်​ကျသံပင်​ကြားရ​အောင်​တိတ်​ဆိတ်​သွားတယ်
အရှင်​မင်းကြီးဟာ အမှန်​တကယ်​ကို မင်းသားခုနစ်​အ​ပေါ်အ​ရေး​ပေးခဲ့လွန်းတယ်​ ဘာ​ကြောင့်​ဆို သူဟာ အမတ်​ကြီးသမီးမုယုံဖူးနဲ့ ​စေ့စပ်​​ကြောင်းလမ်း ပြီးသားမို့ပဲ

အခုမင်းသားက မုယုံဖူးကိုပစ်​ပယ်​လိုက်​တာလား

အမတ်​ကြီးမုယုံရဲ့ မျက်​နှာကလဲ​ဒေါသထွက်​​နေသလိုရှိ​ပေမဲ့ .....ဒါဟာခဏလဲ ပြီးကျစိတ်​သက်​သာရာရသွားတဲ့ပုံနဲ့

ဘာ​တွေဖြစ်​​နေတာလဲ မင်းကြီးလဲ သူ့သား​တော်​ဟာ သူ့​ကြောင်းလမ်း​ပေးတဲ့​စေ့စပ်​မှုကို လက်​လွတ်​စပယ်​လုပ်​မယ်​မထင်​ဘူး

တစ်​ဖက်​ကအတွင်းဝန်​ တစ်​ဖက်​က အမတ်​ကြီး
တစ်​​ယောက်​ကို ​ရွေးရင်​တစ်​​ယောက်​ကိုစွန့်​လွတ်​ရမယ်

ဒါ​ပေမဲ့သူ့သား​နောက်​ထပ်​​ပြောလိုက်​တဲ့စကားက သူ့နဲ့အမတ်​​တွေကို အံ့​အောသွား​စေတယ်

"မင်းက မုယုံဖူးနဲ့​စေ့စပ်​ထားတာကိုဖျက်​သိမ်းချင်​တာလား"

ငါ လေးကဗီလိန်ရဲ့ကိုယ်ထဲရောက်သွားတယ်Where stories live. Discover now