Chanyeol Character...
နာမည်ကြီးတဲ့ K-IDOLတစ်ယောက်
LOEY Entertainment ရဲ့ အသက်သွေးကြော
LOEY ENTERTAINMENTအား ထမင်းကျွေးနေသူအစစ်အမှန်နာမည်ကြီးသလောက် ထွက်တဲ့Dating Scandalလည်းအတော်များပြီး မလည်မရှုပ်ကောင်လေး...
ချောမောလှတဲ့ရုပ်ရည်ကြောင့် Stylistမမတိုင်း ခိုက်ကြသပေမယ့် ဇီဇာကြောင်လွန်းတဲ့သူ့စရိုက်ကြောင့် Stylistမမတွေဆင်တာကိုမဝတ်ဘဲ သူဝတ်ချင်တာသာဝတ်တတ်တယ်
တခါတရံ အဝတ်အစားတစ်ခုကိုသူကြိုက်သွားပီဆိုရင် ဘယ်သွားသွား အဲ့တစ်ထည်ထဲနဲ့ တစ်ပတ်လောက်ဝတ်တတ်တာမျိုး အကျင့် သူတစ်ယောက်ထဲမှာသာရှိတယ်ဒါလည်းသူ့Fanတွေ ချစ်ဖို့ကောင်းတယ်ဆိုပြီး
ဖူးဖူးမှုတ်ချစ်ကြပြန်တယ်။သူဘာလုပ်လုပ်Fanတွေက သဲသဲလှုပ်ချစ်ကြတယ်...ဟိုတလောကတောင် ဦးရီးတော်CEO SUHOက Hoodie အကောင်းစားတစ်ထည် Performanceလုပ်ရင်ဝတ်ဖို့ ရှယ်ပြင်ဆင်ပေးထားတာကို ကျောပိုင်းကို ကပ်ကြေးနဲ့ညှပ်လာလို့ အပါက်ကြီးဖြစ်ပြီး အဲ့တိုင်းဝတ်ပြီး ကနေလေရဲ့
ဒါလည်း Fanတွေက ငါတို့မင်းသားလေး မောရှီးဆောလိုက်တာဟယ် ဆိုပြီး အရည်တွေတစက်စက်ပျော်ကြပြန်တယ် CEOခမျာ ဇက်ပိုးအုပ်ချင်သော်လည်း သူ့Fanတွေက သဘောကျကြတယ်ဆိုပြီး မျက်စောင်းကြီးနဲ့ထိုးပြောလို့ ဇက်ပုသွားရသေး။
ပြောလို့ရတာမဟုတ်ဘူး သူကCEO ရိုက်ရင်တောင် igမှာတင်ပြီး Fanတွေကိုလှမ်းတိုင်မယ့်အမျိုး။Fanေတွသာသိကြည့် Entကို အလုံးအရင်းလိုက် လာပြီး သောင်းကျန်းကြမှာ...သူ့Fanေတွက အော်ကြောလန်မှ အော်ကြောလန်တွေ....အဲ့ဒီတော့ CEOလည်း အသက်သွေးကြောဖြစ်တဲ့သူ့ကိုမထိရဲတော့ပေ။
ဒါကြောင့် သူဟာ Entထဲဝင်ရင် မျက်နှာကြီးချီကာ လာမဝေဖန်နဲ့ငါဘာလုပ်လုပ်ကြွေတဲ့ငါ့Fanတွေရှိတယ် ဆိုတဲ့ မျက်နှာဘေးမျိုးနဲ့ မော်ကြွားစွာနေလေ့ရှိတယ်။
သူ့Fandomနဲ့သူ့Idolနဲ့တော့ဟုတ်နေတာပဲ
ဒီတော့လည်း ဉီးရီးတော် CEO Suho ခမျာ ဘယ်အပေါက်က ဆူရမလဲ ကြံတိုင်း အပေါက်ပျောက်ရစမြဲ။မန်နေဂျာတိုင်းနဲ့လည်း အဆင်မပြေလို့ တစ်ရက်တစ်ယောက်ပြောင်းနေရတာ CEOလည်းခေါင်းကြိမ်းလှပါပြီ။ ဘာလို့အဆင်မပြေတာလဲဆိုရင် ချုပ်ချယ်တာ စည်းကမ်းကြီးတာ သူ့ကိုဟိုဟာလုပ်ဒီဟာလုပ်နဲ့Controlတာမျိုး သူမကြိုက်လို့ပါတဲ့....
YOU ARE READING
My Angry-Bird Manager DO
Fanfictionဂျစ်ကန်ကန်နိုင်ပြီး ပြောစကားနားမထောင်တဲ့Idol ရဲ့Manager လုပ်ရသောအခါ.... ဂစြျကနျကနျနိုငျပွီး ပွောစကားနားမထောငျတဲ့Idol ရဲ့ Manager လုပျရသောအခါ....