** ပတ်ချန်းယောလ်!!!!!!! **
ကော်ဖီကို စိမ်ပြေနပြောသောက်ပြီး မထီတထီလုပ်နေတဲ့ ချန်းယောလ်ကို CEOသည်းမခံနိုင်တော့တဲ့အဆုံး ပေါက်ကွဲရပြီ
** မင်းကIdolတယောက်လေ မင်းရဲ့အလုပ်တွေကိုထိန်းချုပ်ပေးဖို့ မန်နေဂျာတယောက်တော့ ရှိရမှာပေါ့ မင်းသဘောနဲ့မင်းလျှောက်ထုတ်နေတာ ဘာအချိုးလဲ ငါ့ကိုပမာမခန့်လုပ်တာလား!! **
သောက်နေတဲ့ကော်ဖီခွက်ကို အောက်ချလိုက်ပြီး ချိတ်ထားသော ခြေထောက်တို့ကို လှုပ်ရမ်းကာ ခေါင်းခါပြလိုက်တယ်
** CEOကိုပြောလည်း ထုတ်မှာပဲဟာကို မပင်ပန်းအောင် ကွကိုထုတ်ပေးလိုက်တာပါ **
မထီတထီနဲ့ကြည့်နေတာကို ဒေါသဖြစ်ပေမယ့် သူပြောသွားတာကလည်း ဆီလျော်နေတာမို့ ဒေါသအစိုင်အခဲအား မြိုချလိုက်ကာ သူ့ရှေ့ဝင်ထိုင်လိုက်တယ်
** နောက်တယောက် လွှတ်လိုက်မယ် သွားတော့**
** ကောင်းကောင်းနေရစ်ပါခင်ဗျ **
Suhoသည်းမခံနိုင်တော့ဘူး
ချန်းယောလ်ဟာ လုပ်ရမယ့်ကိစ္စတွေမှာ ပျက်ကွက်တဲ့အပြင် မလုပ်သင့်တာတွေကိုပါ ဝင်စွက်ဖက်နေပြီလေ...**၃၁ဘုံမှာဒီကောင့်ကိုထိန်းနိုင်တဲ့မန်နေဂျာတစ်ယောက်လေးတောင်မရှိကြတော့ဘူးလား!**
ထိုစဉ် မန်နေဂျာသစ်တစ်ယောက်ရောက်တာကို သတိရသွားသည်။ SUB ENT.ကနေ ပြောင်းလာတဲ့
Idolတိုင်း ဖင်တုန်အောင် ကြောက်ရတယ်ဆိုပြီး နာမည်ကြီးတဲ့ မန်နေဂျာ ဒိုဂယောင်ဆူးရှိတာပဲ။** ချန်းယောလ်အခန်းထဲ မန်နေဂျာ ဒိုကိုလွှတ်လိုက်**
ဖုန်းကိုဂွပ်ခနဲချလိုက်ကာ နတ်ဆိုးတစ်ယောက်လိုပြုံးလိုက်တဲ့ ဆူဟို
** သနားလို့ကြည့်နေတာကို မင်းက ဆိုးနေသေးတော့လည်း အကောင်ကြီးကို လွှတ်ရပြီ ပေါ့ကွာ ကံကောင်းပါစေ ငါ့တူ **
(๑•﹏•)(๑•﹏•)(๑•﹏•)(๑•﹏•)(๑•﹏•)(๑•﹏•)(๑•﹏
** အဟင်း ... ကိုယ်က မင်းရဲ့မန်နေဂျာပါ **
ဂိမ်းဆော့နေတုန်း ကြားရတဲ့အသံကို မသိချင်ယောင်ဆောင်လိုက်ရင်း ဆော့လက်စဂိမ်းကိုသာ အာရုံပြန်နှစ်လိုက်တယ်
YOU ARE READING
My Angry-Bird Manager DO
Fanfictionဂျစ်ကန်ကန်နိုင်ပြီး ပြောစကားနားမထောင်တဲ့Idol ရဲ့Manager လုပ်ရသောအခါ.... ဂစြျကနျကနျနိုငျပွီး ပွောစကားနားမထောငျတဲ့Idol ရဲ့ Manager လုပျရသောအခါ....