မန်နေဂျာ ဒိုတစ်ယောက် ဒီနေ့လည်းပဲ LOEY Ent ထဲကိုဝင်ပြီးတစ်နေ့တာကိုစတင်ရပြန်ပြီချန်းယောလ်ရဲ့ Solo Album အတွက် ပြင်ဆင်ဖို့ရှိတာမို့ ဒီနေ့ အိမ်ကနေစောစောထွက်လာဖြစ်သည်
ဘာလိုလိုနဲ့ ဒီဘက်မှာ အလုပ်ဝင်တာတောင်
တစ်လပြည့်တော့မှာပဲ...တစ်လဆိုလို့ ဟိုတစ်နေ့ကတောင် CEOကသူ့ကိုဖုန်းဆက်ပြီး ညစာခေါ်ကျွေးသေးတယ်
အစကတော့ထူးဆန်းနေပေမယ့် ပြီးတော့မှသိလိုက်ရတာက ချန်းယောလ်ကို ကောင်းကောင်းထိန်းနိုင်လို့ ကျေးဇူးတင်တဲ့အနေနဲ့ ညစာေခါ်ကျွေးခြင်းဖြစ်ပါသတဲ့။
ချန်းယောလ်က အရမ်းဆိုးတာ ဟုတ်တယ်
ဒါပေမယ့် သူပဲစိတ်ရှည်တတ်လွန်းနေလို့လားမသိ တော်ရုံတန်ရုံ အလျော့ပေးပြီး အလိုလိုက်မိတာက ခပ်များများရယ်တစ်ခါတစ်ခါ ဒေါသကြီးပြီး စိတ်ဆတ်တဲ့ မိမိကိုယ်တိုင်တောင် ကိုယ့်ကိုကိုယ်ဆုံးရှုံးသွားသလို
အရင်က ငါဘယ်ရောက်သွားတာပါလိမ့် ဆိုပြီး တွေးမိသေးသည်ဒါကလည်း သူက ချန်းယောလ်ရဲ့ အမာခံFanboyကြီးဖြစ်နေတာကြောင့်ပဲ ဖြစ်မှာ...
သူသာ သာမာန် မန်နေဂျာတစ်ယောက်ဖြစ်ကြည့်
ချန်းယောလ်ရဲ့ ဆိုးပုံမျိုးနဲ့ဆို တစ်ရက်နဲ့တင် ထွက်ပြေးမိမှာ အသေချာပင် ರ_ರ" ရောက်ပြီလား မန်နေဂျာဒို ချန်းယောလ်ရော "
PD Oh က ရေတစ်ခွက် ချပေးရင်း မေးသည်
" သူ့ကားနဲ့ပဲ လာမယ်ပြောထားတယ် "
" ကျွန်တော်ရောက်ပါပြီ "
" ရောက်ပြီလား ဘာစားလာလဲ တစ်ခုခုဝယ်ပေးရမလား "
" အမေရိကာနို တစ်ခွက်နဲ့ Sandwich လေး "
" PD Ohရော မှာလိုက်ဦးမလား ကျွန်တော်ဝယ်လာမယ်လေ "
" အာဟုတ်ကဲ့ ... လက်တေး လေး......."
" အား ဗိုက်ဆာနေပြီလို့ မြန်မြန်သွားတော့လေအရမ်း လောကွတ်ချော်တာပဲ မန်နေဂျာဒိုကတော့"
" ငင့် ರ╭╮ರ "
မှာနေတဲ့တစ်ဝက်တစ်ပျက်မှာတင် အင့်သွားရသော PD Oh မှာ ချန်းယောလ်ဆီ မျက်စောင်းတစ်ထိုးထိုးဖြင့် .... မန်နေဂျာဒိုလည်း သခင်လေးပတ်ရဲ့ ဗိုက်ဆာနေပြီဆိုတဲ့ စကားတစ်ခွန်းမှာတင် သုတ်ခြေတင်ပြီး ပြေးဝယ်လေပြီ
YOU ARE READING
My Angry-Bird Manager DO
Fanfictionဂျစ်ကန်ကန်နိုင်ပြီး ပြောစကားနားမထောင်တဲ့Idol ရဲ့Manager လုပ်ရသောအခါ.... ဂစြျကနျကနျနိုငျပွီး ပွောစကားနားမထောငျတဲ့Idol ရဲ့ Manager လုပျရသောအခါ....