ချန်းယောလ် ဒီနေ့အားလပ်ရက်ရလို့ အပီနားမယ်ဟုကြံကာ Ent.က သူ့အခန်းထဲက ဆိုဖာပေါ် မှာ လှဲအိပ်နေတယ် ပင်ပန်းနေလို့လားမသိဘူး
အိပ်မက်တွေဘာတွေတောင်မက်သွားတယ်
အိပ်မက်ထဲမှာ သူက သူဆော့နေကျ ဂိမ်းထဲက ဇာတ်ကောင်နေရာက သူ့ရှေ့မှာ အဲ့ဂိမ်းထဲက ဗီလိန်ကောင် အဖျက်သမား လက်ထဲက လက်နက်နဲ့ အဲ့အကောင်ကိုပစ်ဖို့ရွယ်လိုက်တယ်
ဖြစ်ချင်တော့ အဲ့လက်နက်က ရှားပါးလက်နက်
အဲ့လက်နက်ရဖို့ တော်တော်ကြိုးစားရတာ
အခုတော့ သူ့လက်ထဲမှာ လက်နက်ဟာအလိုလိုရှိနေပြီ မင်းပြေးစမ်း ခွေးကောင်!!** ဝုန်း !! **
ရုတ်တရက်ထရွာတဲ့ မိုးကြောင့် သူကြောင်သွားတယ် ... ဘယ့်နှယ်ဂိမ်းထဲမိုးထရွာရတာလဲ
နောက်တော့ မိုးရေစက်တွေဟာ တဖြည်းဖြည်းသူ့နားရွက်ထဲဝင်ကုန်တယ်
** အိုးးမား !!!!!!!!! 😱 **
လန့်နိုးပြီး ပြူးပြဲထထိုင်လိုက်တော့ ရေတစ်စက်စက်ကျနေတဲ့ လက်ဝါးကြီးကိုဖြန့်ကားထားကာ လူယုတ်မာပြုံးပြုံးပြနေသော Wtf! .....Manager Do😠 !!!
** ခင်ဗျား ရူးနေလား!! **
ဟုတ်တယ်ပဲ...သူတကယ်သည်းမခံနိုင်တော့ဘူး
မန်နေဂျာဒိုဟာ သူ့ကို အရမ်း အလုပ်ခိုင်းတယ်
အရင်မန်နေဂျာတွေထက်တောင် စိတ်ပျက်စရာကောင်းသေး သူမလုပ်ချင်တာတွေကိုလည်း အတင်းကာရော လုပ်ခိုင်းတယ် မလုပ်ရင် မျက်လုံးစိမ်းကြီးနဲ့ ပြူးကြည့်ပြီး ခြိမ်းခြောက်တယ်။သူကလန့်တိုက်ရင်ေတာင် သူ့ထက်နှစ်ဆ လက်စောင်းထက်နေတဲ့ အဲ့လို မန်နေဂျာကြီး...
မဖြစ်တော့ဘူး ဒီကိစ္စကို CEOနဲ့ တိုင်မှဖြစ်တော့မယ် သူက ဒီလို လူစင်မမီတဲ့မန်နေဂျာဆီမှာ သက်သက်မဲ့ အနိုင်ကျင့်ခံနေရတာကတော့ မဟုတ်သေးဘူး
တိုင်ပြောမယ် တိုင်ကိုပြောပစ်မယ်!** ဒီနေ့အားတယ်ဆိုတော့ တစ်ခုခုလုပ်ကြမလား **
** o_O....ဘာလုပ်မှာတုန်း **
သူ့အမေးကို မျက်လုံးထောင့်ကပ်ပြီး Surpriseဆိုတဲ့ ပုံစံမျိုးနဲ့ တစ်စုံတစ်ခုကိုပြလာတယ်
ချန်းယောလ် ယူကြည့်လိုက်တော့...
YOU ARE READING
My Angry-Bird Manager DO
Fanfictionဂျစ်ကန်ကန်နိုင်ပြီး ပြောစကားနားမထောင်တဲ့Idol ရဲ့Manager လုပ်ရသောအခါ.... ဂစြျကနျကနျနိုငျပွီး ပွောစကားနားမထောငျတဲ့Idol ရဲ့ Manager လုပျရသောအခါ....