Happy Valentine's Day Posterများ ချိတ်ဆွဲထားသော လမ်းတစ်လျှောက်ကိုလျှောက်လှမ်းလာရင်း ဂျောင်ဆူး သက်ပြင်းညင်းညင်းချမိလိုက်တယ် နောက်ပြီး သူဘေးပတ်ဝန်းကျင်မှာ ချစ်ခြင်းတရားကို Publicမှာ ပွင့်လင်းမြင်သာစွာဖြင့်ဖော်ပြနေကြတဲ့ အတွဲတစ်သိုက်ကိုမြင်ပြီး
ဆို့နစ်စွာ ရေရွတ်လိုက်တယ်"ဒီနှစ် ချစ်သူများနေ့မှာလည်း
ငါက FAဖြစ်နေတုန်းပါပဲလား...."အားလပ်ရက်ရပေမယ့် အပြင်သွားရင် သူ့လိုFAတယောက်ရဲ့ မာနထိခိုက်စေတဲ့ဇယားတွေရှိနေတာကြောင့် တစ်မနက်လုံး အိမ်တွင်းအောင်းနေရာ ဗိုက်ဆာလာလို့ Subway ဆိုင်မှာ Sandwichနဲ့ကော်ဖီဝယ်ဖို့ထွက်လာပါတယ် မမြင်ချင်တဲ့ စောင်အတွဲတွေက လမ်းပေါ်မှာ အုံလိုက်ကျင်းလိုက် တဖွဲဖွဲ .... ဒါတွေသိလို့ အပြင်မထွက်တာ အလကား အလကား အကျိုးမရှိ
နေရင်းထိုင်ရင်း ဒီပရက်ရှင် ဝင်တယ်သူ့အသက်27ဖြစ်နေပြီ ဒါပေမယ့် အခုထိ ရည်းစားက မူးလို့တောင်ရှူစရာမရှိသေးဘူး
ဒီစကားကြားရင် သူနဲ့ရင်းနှီးတဲ့Jongdaeက အသံပြဲကြီးနဲ့ထရယ်ပြီး ဒီလိုပြောလိမ့်ဦးမည်
" မင်းလိုမျိုးစည်းကမ်းကြီးပြီး ဒေါသကြီးတဲ့လူ့ဂွစာကောင်ကို ဘာလို့ခင်မိလဲမသိတဲ့ ငါ့လိုအူကြောင်ကြား သူငယ်ချင်းမျိုးရထားတာတင်ပဲ ဂုဏ်ဆာစမ်းပါကွာ "
ဟောလ်!.....မသိရင် သူကပဲ ပေါင်းသင်းဆက်ဆံရေး ဆိုးဝါးတဲ့လူစားမျိုးကျနေတာပဲ
ဘုကလန့်နိုင်တာမှန်ပေမယ့် ဒိုဂျောင်ဆူးဆိုတဲ့လူက စိတ်ထဲတွေ့ပြီဆိုရင် သိပ်ခင်တွယ်တတ်တာ အယုတ်တမာလေးက မသိတာကျအဲ့ဒီ့ကင်ဂျုံဒဲဆိုတဲ့ သကောင့်သားက သူ့ဆိုဖဲ့ဖို့ပဲချောင်းနေတာ သူပြောတာကိုလိုက်Feelနေစရာမလိုဘူး ဟင်း .... မင်းသတိထားနေ
အစုတ်ပလုတ်ကောင် ဂျုံဒဲ !!📲 Park Chanyeol 📲
" ဟယ်လို ချန်းယောလ် "
" ခင်ဗျား ဘယ်မှာလဲ "
" Subway ဆိုင်သွားတဲ့လမ်းမှာ "
" အိုကေ ...အဲ့မှာရပ်နေ "
ဖုန်းချသွားသောချန်းယောလ်ပြောသွားတဲ့အကြောင်းအရာကို သူငြိမ်ငြိမ်ရပ်ပြီး တွေးနေကာပြီးတော့မှ သတိဝင်လာသလို ထအော်တော့သည်
YOU ARE READING
My Angry-Bird Manager DO
Fanfictionဂျစ်ကန်ကန်နိုင်ပြီး ပြောစကားနားမထောင်တဲ့Idol ရဲ့Manager လုပ်ရသောအခါ.... ဂစြျကနျကနျနိုငျပွီး ပွောစကားနားမထောငျတဲ့Idol ရဲ့ Manager လုပျရသောအခါ....