Zawgyi
♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤
************************************
"ချစမ်းကွာ..ချ..အသေသတ်ကြ"
တိုက်ခန်းထဲကအမှိုက်တစ်ချို့အားလမ်းကြားထဲလာပစ်စဉ်ကြားလိုက်ရတဲ့အသံတစ်ချို့ကြောင့်
လမ်းကြားအကွေ့နားလေးကနေချောင်းကြည့်လိုက်သည်။
လမ်းကြားတစ်ခုထဲမှာလူမရှိတာကိုအခွင့်ကောင်းယူပြီးလူတစ်ယောက်ကိုအုပ်စုဖွဲ့ပြီးရိုက်နှက်နေကြသည်။သွားတော့ကယ်ချင်ပါရဲ့။ကိုယ်ကမှမချတတ်။ပြီးတော့သူတို့ကဒုတ်တွေနဲ့ကိုယ့်ကိုပြန်ချနေမှဒုက္ခ။ကိုယ်မကယ်ရင်လဲဟိုလူကသေတော့မယ်။
ထို့ကြောင့်မရှိရှိတဲ့သတ္တိလေးနဲ့အရဲစွန့်ပြီး"ဒီ..ဒီမှာ..ခများတို့မရှက်ကြဘူးလား..လူတစ်ယောက်ကိုဝိုင်းချနေကြတာ"
"မင်းနဲ့မဆိုင်တာဝင်မပါနဲ့ကောင်လေး..ငါတို့ဒေါသမင်းအပေါ်ပုံကျသွားမယ်"
"ဟျောင့်တွေ ကောင်လေးကချစ်စရာလေး... ချိုချိုသာသာ ပြောစမ်းပါကွာ"
"ဘာဗျ...ခင်များတို့လူကိုကစော်ကားသေးတယ်..
တွေ့ကြသေးတာပေါ့..လာကြပါဦး..ဒီမှာလူတစ်ယောက်ကိုဝိုင်းရိုက်နေလို့...ကယ်ကြပါဦး""ဟာ..ဟေ့..မင်း..မင်း..တွေ့မယ်..ဟျောင့်တွေ
သွားမယ်"ဟိုလူတွေအကုန်ထွက်သွားပြီဆိုမှလဲကျနေတဲ့သူ့နားသွားလိုက်သည်။
"ဟေ့လူ..ဟေ့လူ..ကျွန်တော်ခေါ်နေတာကြားလား..ဟေ့လူ "
ငါကယ်လိုက်တာတော့ဟုတ်ပါပြီ။မတော်တဆသူသာငါ့လက်ထဲမှာသေသွားရင်ငါအမှုပတ်တော့မှာပဲ။မထူးမဲ့အတူတူသူ့ကိုယ်ကြီးကိုမနိုင်မနင်းနဲ့အတင်းဆွဲထူပြီး၂လွှာသို့တက်ခဲ့သည်။
၂လွှာမလို့သာပေါ့။လူကလက်တောင်အံသေတော့မယ်။သူ့ကိုလဲလက်တစ်ဖက်နဲ့မနဲထိန်းထားပြီးကိုယ်ပေါ်ကိုမှီထားစေကာနောက်တစ်ဖက်နဲ့တံခါးအားဖွင့်လိုက်သည်။အခန်းထဲရောက်မှဆိုဖာပေါ်တင်လိုက်သည်။"အမလေး..လေးလိုက်တာကိုယ်လုံးကြီးက..မောလိုက်တာ..ဟူး"
ခနလောက်နားပြီးမှဆေးသေတ္တာရယ်... သဘက်တစ်ထည်ရယ်..ရေနွေးထည့်ထားသည့်ရေဇလုံရယ်ယူလာလိုက်သည်။သူ့အင်္ကျီအပေါ်ထပ်အားအရင်ချွတ်ပေးလိုက်ပြီးဘေးနားချထားကာပထမဆုံးတစ်ဘက်ကိုရေဆွတ်လိုက်ပြီးသွေးပေနေသောမျက်နှာအားသန့်စင်ပေးလိုက်သည်။
ထို့နောက်လည်ပင်း၊လက်အားလုံးသန့်စင်ပေးလိုက်ပြီးမှနဖူးနားကဒဏ်ရာအားအရက်ပြန်အနဲငယ်တို့လိုက်သည်။
YOU ARE READING
ချိုမြိန်သောချစ်ခြင်း(Z+U) {COMPLETED}
Fanfictionမနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍 Min Thway Khant ❤ JayBaas မနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍...