Zawgyi
♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤
************************************
အိမ်ဦးခန်းရဲ့ကြမ်းပြင်ပေါ်မှာကောင်လေးတစ်ယောက်ဒူးထောက်လျက်သားလေးနှင့်ခေါင်းကိုငုံ့ကာလက်တီးကျစ်ကျစ်ပါအောင်ဆုတ်ထားသည်။
"မင်းဘာပြောလိုက်တယ်.."
"ဖေဖေနဲ့မေမေကြားတဲ့အတိုင်းပါပဲ"
"မင်းသွေးခန့်...မင်းမိဘကိုပမာမခန့်လုပ်တာလား..ဘယ်နဲ့ယောကျာ်းချင်းကြိုက်ရတယ်လို့....စောက်ရူးမထစမ်းနဲ့.."
"ကျွန်တော်စောက်ရူးထတာမဟုတ်ဘူးဖေဖေ..ကျွန်တော်ချစ်တာ..ချစ်တာဗျ"
"တော်စမ်း...မင်းကြိုက်တဲ့မိန်းကလေးတိုင်းမင်းမှာချစ်ခွင့်ရှိတယ်...အခုကလူကြားလို့မှမကောင်း..မင်းချစ်သူကယောကျာ်းလေးတဲ့လား"
"လူကြားမကောင်းအောင်ကျွန်တော်တို့ဘာမှမလုပ်ဘူးဖေဖေ"
"သားရယ်...မေမေတို့ကိုမနောက်ပါနဲ့..ဒါနောက်စရာမဟုတ်ဘူးသား...သားကအခြောက်မဟုတ်ဘူးဆိုတာမေမေသိတယ်"
"ကျွန်တော်ကအဲ့ကလေးကိုချစ်မိလို့အခြောက်ဆိုလဲကျွန်တော်အခြောက်ပေါ့....ကျွန်တော်သူ့ကိုတော့တကယ်ချစ်တာ...တစ်ဘဝလုံးအတွက်ပါရည်ရွယ်ပြီးချစ်တာ"
"မင်းပြောလေပိုကဲပါလား..ငါမင်းကိုယောကျာ်းလေးချင်းကြိုက်ဖို့မဆုံးမဖူးဘူး..ငါ့အသိုင်းအဝိုင်းကိုမျက်နှာပျက်အောင်တော့လာမလုပ်နဲ့"
"သားရယ်..မင်းအမှားကိုပြင်ဆင်ချင်ရင်လဲနောက်မကျသေးပါဘူး..."
"သားမမှားဘူးမေမေ...ချစ်တာကအမှားတစ်ခုဆိုရင်..မေမေတို့သားကိုမြင်နေတာတွေလဲမှားနေတာပဲ"
"မင်း..မင်း..အဲ့ကောင်အတွက်နဲ့ငါတို့ကိုပြန်ခံပြောနေတာလား"
"ခွပ်...ခွပ်"
"ဖေကြီးရယ်..တော်ပါတော့သားလေးကိုမလုပ်ပါနဲ့"
"စောက်ဖြစ်မရှိတဲ့စောက်ခြောက်..ခွပ်..ခွပ်"
"ထိုး..ထိုးစမ်းပါဗျာ..ဖေဖေစိတ်ကြိုက်ထိုး...ကျွန်တော်လဲသူ့ကိုဘယ်တော့မှလက်လွတ်မှာမဟုတ်ဘူး.."
BẠN ĐANG ĐỌC
ချိုမြိန်သောချစ်ခြင်း(Z+U) {COMPLETED}
Fanfictionမနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍 Min Thway Khant ❤ JayBaas မနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍...